ဘန်ကောက်ရှိ ပြိုကျအဆောက်အအုံထဲ သေဆုံးနှင့် ပျောက်ဆုံးသူများအတွက် အလှူအတန်းပြုလုပ်
Dawei Watch
April 10, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသော အဆောက်အအုံထဲတွင် ပျောက်ဆုံးနေသူများနှင့် သေဆုံးသူများအတွက် ယနေ့ နေ့လယ်ပိုင်းတွင် သံဃာတော်အပါး ၁၀၀ ကျော်ဖြင့် အလှူအတန်းပြုလုပ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၁၀ ရက် နေ့လယ်ပိုင်းကစပြီး ဗုဒ္ဓဘာသာ ထုံးထမ်းအစဉ်အလာအရ သံဃာတော် ၁၀၃ ပါးကို ပင့်ဖိတ်ပြီး အလှူဒါနကောင်းမှုကုသိုလ်ပြုလုပ်၍ ဆုတောင်းခဲ့ကြောင်း ဖော်ပြသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူ ၇၁ ဦး အထိ ရှိနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများအတွက်လည်း ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီး သေဆုံးသူများအတွက် ရေစက်ချ အမျှဝေခဲ့ကြောင်း ဖော်ပြသည်။ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူများထဲတွင် ပါဝင်နေသော မြန်မာနိုင်ငံသား ၁၈ ဦး၏ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးသဖြင့် […]


