မြန်မာစစ်ခေါင်းဆောင်ကို ဘန်ကောက်တွင် ဆန္ဒပြ
Dawei Watch
April 4, 2025ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်နေသော မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်မခံကြောင်း ဘန်ကောက်မြို့တွင် ထိုင်းပြည်သူအချို့ ယနေ့ ဧပြီလ ၄ရက် ညနေပိုင်းတွင် ဆန္ဒပြကြသည်။ မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘန်ကောက်ရှိ ပြည်သူများက မကြိုဆိုကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ “မင်းအောင်လှိုင်ကို မကြိုဆိုဘူး။ ထိုင်းဝန်ကြီးချုပ်က ဖိတ်ကြားလို့ မြန်မာကိုယ်စားပြုအနေနဲ့ လာတက်တာ။ သူက မြန်မာနိုင်ငံအတွက်လည်း ကိုယ်စားမပြုသလို လူသတ်သမားသာ ဖြစ်တယ်” ဟု ဆန္ဒပြရရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း သရုပ်ဖော်၍လည်း ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ယနေ့ည ဆန္ဒပြပွဲကို လူငယ်၊ လူကြီး ၅၀ ဝန်းကျင်က ပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။


