စက်အချို့ ပျက်နေသဖြင့် ထားဝယ်တွင် မီးအလှည့်ကျပေးနေရသည်ဟု လျှပ်စစ်ကုမ္ပဏီထုတ်ပြန်
Dawei Watch
April 22, 2024ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အားပေးစက်အချို့ ချွတ်ယွင်းနေသဖြင့် လျှပ်စစ်ဓာတ်အား အလှည့်ကျပေးနေရခြင်းဖြစ်ကြောင်း Petrol & Trans ကုမ္ပဏီက ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ယခင်က ၂ မဂ္ဂဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၉ လုံး၊ ၁ ဒသမ ၃ မဂ္ဂဝပ် အင်ဂျင် ၂ လုံး၊ ၆၅၀ ကီလိုဝပ် ဒီဇယ်မီးစက် ၆ လုံးတို့ဖြင့် ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေချိန် နွေရာသီ ရာသီဥတုအလွန်ပူပြင်းသဖြင့် လျှပ်စစ်သုံးစွဲမှုများ အလွန်များလာကြောင်း ဆိုထားသည်။ ထိုသို့မီးသုံးများနေချိန် ၂ မဂ္ဂဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၃ လုံး၊ ၁ ဒသမ ၃ မဂ္ဂဝပ်အင်ဂျင် […]


