စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပကာရီရွာ ဒေသခံရှစ်ဦး ပြန်လွတ်
Dawei Watch
April 10, 2024စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ချိန်ဖမ်းဆီးသွားသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာက ဒေသခံ ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ရန် ဧပြီလ ၂ရက်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် လမ်းတွင်တွေ့သည့် ပကာရီဒေသခံ ရှစ်ဦးကို ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် ပကာရီရဲကင်းစခန်းမှတစ်ဆင့် ဒေသခံ နှစ်ဦးတစ်ကြိမ်၊ သုံးဦးတစ်ကြိမ် ရက်ခြားလွှတ်ပေးခဲ့ကြောင်း ပကာရီရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဆက်လက်ဖမ်းဆီးခံထားရသည့် အသက် ၄၀ကျော်အရွယ် ကိုသားသားနှင့် နောက်ထပ် အမျိုးသားနှစ်ဦးတို့ကိုမူ ဧပြီလ ၉ရက်နေ့တွင် ပြန်လွှတ်ပေးကြောင်း ၎င်းက ဆိုသည်။ “သူတို့ကို ပြန်မလွတ် မလွတ်နဲ့ ဘုန်းကြီးက သွားပြီးထုတ်ပေးခဲ့တာမှာ မနေ့က ပြန်လွတ်ပေးလိုက်တာ” ဟု ပကာရီကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက […]


