ထီးထဗျူဟာစခန်းကိုလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅၄ ယောက်လက်နက်ချ
Dawei Watch
April 15, 2024ထိုင်း-မြန်မာနယ်စပ် ထီးထဗျူဟာစခန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက စောင့်ကြိုတိုက်ခိုက်သဖြင့် ၆ ဦးသေဆုံးကာ ၅၄ ဦးလက်နက်ချခဲ့ကြောင်း KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)ထံမှသိရသည်။ ကမာပလောနယ်စပ်စခန်းကို စွန့်ခွာပြီး မောထစခန်းတွင် ခေတ္တနားနေခဲ့ပြီးနောက် ထီးထဗျူဟာစခန်းကို အင်အားပူးပေါင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဧပြီလ ၁၄ ရက် ညသန်းခေါင် ၁ နာရီခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) တပ်ရင်း ၂၇ နှင့် KNU တပ်မဟာ (၄) တပ်ရင်း(၁၂) တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ KNLA နှင့် PDF ပူးပေါင်းတပ်များက ကြာရှည်စွာ ပိတ်ဆို့ထားမှုကြောင့် တောင်မခံနိုင်တော့သဖြင့် ထိုးဖောက်ထွက်ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား […]


