ဓာတ်မြေဩဇာသယ်ယူခွင့် စစ်ကောင်စီ တင်းကျပ်ထားသဖြင့် လယ်သမားများအခက်တွေ့
Dawei Watch
April 24, 2024စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့က ဓာတ်မြေဩဇာသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင်ထားသဖြင့် လယ်သမားများ ဓာတ်မြေဩဇာ လုံလုံလောက်လောက် ဝယ်ယူမရဘဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့အထွက် စစ်ဆေးရေးဂိတ် လေးခုစလုံးတွင် ဓာတ်မြေဩဇာသယ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ကားသမားတို့က ဆိုသည်။ “တချို့တော့ ဂိတ်နဲ့ညှိပြီး သယ်ရတဲ့သူတွေတော့ သယ်နေကြတယ်။ ဒါပေမဲ့လည်း တစ်ခါသယ်ရင် လေးငါးဆယ်အိတ် အဲဒီလောက် နည်းနည်းပါးပါးပဲရတာ” ဟု ကားသမားတစ်ဦးက ပြောသည်။ ဓာတ်မြေဩဇာကို ဖောက်ခွဲရေးပစ္စည်းများတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် သယ်ယူခွင့်ကန့်သတ် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း အရောင်းအဝယ်သမားတို့က ပြောဆိုသည်။ “သူတို့က ဖောက်ခွဲရေးလုပ်လို့ရတဲ့ ပစ္စည်းဆိုရင် ဘယ်ပစ္စည်းကိုမဆို အများကြီးသယ်ခွင့်မပေးဘူး။ အဓိကကတော့ စစ်ဆေးရေးဂိတ်တွေမှာ စစ်တာ။ ဓာတ်ဆီတို့၊ ဒီဇယ်တို့ကို နည်းနည်းစီပဲ ပေးသယ်နေတာလည်း အဲဒါကြောင့်ပဲ” ဟု အရောင်းအဝယ်သမားတစ်ဦးက ပြောသည်။ လယ်သမားများနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးသမားတို့မှာမူ ယင်းကဲ့သို့ […]


