လောင်းလုံးတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲ၍ပစ်ခတ်
Dawei Watch
April 28, 2024လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာတပ်အထိုင်ချကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က မနေ့(ဧပြီ ၂၇) နံနက် ၈ နာရီကျော် ခန့်တွင် မြို့နှင့်ကပ်လျက် စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ပြဲကျေးရွာထိပ်ရှိ ရေပုန်းကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။ စစ်ကောင်စီတပ်က အဆိုပါ ဘုန်းကြီးကျောင်းထဲသို့ဝင်ရောက်ပြီး ယာယီတပ်စွဲကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က(စစ်ကောင်စီတပ်က) ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ၊ ကျောင်းဆောင်တွေထဲကနေပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ချတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များမှာ စစ်ပြဲရွာနေအိမ်များအကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပျက်စီးမှုအသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံတို့ကဆိုသည်။ […]


