ကလိန်အောင်မြို့အနီး လက်နက်ကြီး ထပ်ကျ
Dawei Watch
January 22, 2024ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ သံတံတားကြီးအနီး ကလိန်အောင် ချောင်းဘေးရှိ ဥယျာဥ်ခြံများအတွင်း မနေ့ (ဇန်နဝါရီ ၂၁) ညက လက်နက်ကြီး နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ကိုင်းခြံပိုင်ရှင်များထံမှသိရသည်။ “လက်နက်ကြီး အသံက ၃ ချက်ကြားတယ်၊ ၂လုံးကတော့ ချောင်းဟိုဘက်ကမ်းမှာတစ်လုံး၊ ဒီဘက်ကမ်းမှာတစ်လုံးကွဲတယ် ၊ ကျန်တစ်လုံးကတော့မကွဲဘူးထင်တယ်” ဟု ကိုင်းသီးနှံ စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနှင့်နေအိမ်၊အဆောက်အအုံ ထိခိုက်မှု မရှိသော်လည်း ကိုင်းခြံအတွင်းရေသွယ်ထားသည့် ရေပိုက်လိုင်းများပျက်စီးသွားကြောင်း ၎င်း ကပြောသည်။ ဇန်နဝါရီလ ၁၅ ရက်ကလည်း ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ မာလာရေအိုင်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သေးကြောင်း မြို့ခံများက ပြောသည်။ “အရင်က လက်နက်ကြီးပစ်သံတွေကြားရတာရှိတယ်။ နီးနီးနားနားလာကျတာမရှိဘူး။ အခုက […]


