ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် အောင်မင်္ဂလာရုပ်ရှင်ရုံ ပြန်ဖွင့်နိုင်ရန်ပြင်ဆင်နေ

Dawei Watch

December 22, 2023

ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ၃ နှစ်ကျော်ပိတ်ထားသည့် ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေကြောင်း ရုပ်ရှင်ရုံ တာဝန်ရှိသူထံမှ သိရသည်။ ရုပ်ရှင်ပြစက်နှင့် ရုပ်ရှင်ရုံအခန်း ပြင်ဆင်မှုများပြုလုပ်နေရခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လဝန်းကျင်တွင် ပြန်ဖွင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ရုပ်ရှင်ရုံတာဝန်ရှိသူကပြောသည်။ အောင်မင်္ဂလာရုပ်ရှင်ရုံ ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစပြီး ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ရပ်နားကာ ပိတ်ထားခြင်းဖြစ်သည်။ “ လူတွေစိတ်ညစ်နေတာများပြီလေ ၊ လူတွေ အချိန်ပိုင်းလေး အပန်းဖြေစေချင်တယ်။ ပြီးတော့ ရုပ်ရှင်ပြစက်က မပြတာကြာရင်လေ မိန်းကဒ်တွေပျက်တယ် ။ အခုလည်းတစ်ကဒ်ပျက်နေတယ်။ အဲဒါကိုလည်းစိတ်ပူတယ် ။ အရမ်းသာယာနေလို့ ပြန်ဖွင့်တာမဟုတ်ပါဘူး။ အဓိကက စက်ကိုစိတ်ပူလို့ပြမှာပါ။ အရှုံးနဲ့ပြန်ဖွင့်ရမှာပါ“ ဟု ရုပ်ရှင်ရုံပြန်ဖွင့်ရသည့်အကြောင်းအရင်းကို ရုံတာဝန်ရှိသူက ပြောပြသည်။ ရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်ပါက ယခင်ကပွဲချိန်အတိုင်းမဟုတ်ဘဲ ပရိသတ်နှင့်ကန့်သတ်ချက်အမိန့်များ […]

ကံပေါက်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အစ်မဖြစ်သူတို့ ဖမ်းဆီးခံရ

Dawei Watch

December 21, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းကုန်း (၂) ရပ်ကွက်တွင် အလှပြင်ဆိုင်ဖွင့်လှစ်ထားသည့် မမော်မော်ရှိန်နှင့် ၎င်း၏ အစ်မဖြစ်သူတို့ကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “နေ့လယ်က အလှပြင်ဆိုင်နဲ့ ကပ်လျက် သူ့အစ်မအိမ်မှာ ဝင်ရှာပြီး ညီအမ နှစ်ယောက်ကိုခေါ်သွားတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးအား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဒီဇင်ဘာလ ၁၇ ရက်ကတည်းက ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံလေးဦးလည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံထားရသည့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးလည်း လွတ်မြောက် လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ မောရဝတီရေတပ် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံ ခြောက်ဦးရှိလာပြီ ဖြစ်သည်။

သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

Dawei Watch

December 21, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀ နာရီအချိန်က ပြောဆိုသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို သေချာမသိရသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် မီးလောင်မှုကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်နေကြရသဖြင့် အသေးစိတ် အခြေအနေအား မေးမြန်း၍ မရသေးပေ။

ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်ပါပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ဦးခေါင်းဒဏ်ရာရ

Dawei Watch

December 21, 2023

ရေဖြူမြို့နယ်တွင် ရော်ဘာပြားကြိတ်သည့် စက်ထဲ ဆံပင်ညှပ်ပါသွား၍ ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာရကြောင်း မိသားစုဝင်များထံမှ သိရသည်။ ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေငံရွာတွင် ရော်ဘာလုပ်ငန်းလာရောက်လုပ်ကိုင် မအိဖြိုးဝေသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက စက်မှထွက်လာသည့် ရော်ဘာပြားကို အခြောက်လှန်းရန် ယူစဉ် ဆံပင်ပြေကျပြီး ဆံပင် စက်ထဲညှပ်ပါသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဦးရေပြား၊ နာရွက်နှစ်ဘက်၊ ဝဲဘက်ပါး၊ ဝဲဘက် လက်ခလယ်နှင့် လက်သူကြွယ်တို့တွင် ထိခိုက်ဒဏ်ရာ အပြင်းထန်ရရှိထားကြောင်း ၎င်းက ဆိုသည်။ “စက်က ဟွန်ဒါစက်။ ဆံပင်က ဒလိမ့်တုံးထဲလိမ့်ပါတာမဟုတ်ဘူး။ ဘေးက လက်ကိုင် ဘီးထဲ လိမ့်ပါသွားတာ။ ထိပ်ကစပြီး လည်ပင်းအထိ အရေပြားတွေ လန်သွားတယ်။ ဘယ်ဘက်နားရွက် ညာဘက်နားရွက်လည်းပါသွားတယ်။ လက်ချောင်းတွေလည်းပြတ်သွားတာ” ဟု မိသားစုဝင်က […]

လောင်းလုံးမြို့ပေါ်ပစ်ခတ်မှု အရပ်သားများအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံး

Dawei Watch

December 21, 2023

လောင်းလုံးမြို့ပေါ် တွင် ပစ်ခတ်မှုဖြစ်ပြီး အရပ်သားများအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီး ‌ ဒီဇင်ဘာလ ၂၀ ရက်က ပေါက်ကွဲပစ်ခတ်မှုဖြစ်ပြီး ယင်းနေ့ ညနေ ၅ နာရီကျော်တွင်လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဆက်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းပစ်ခတ်မှုတွင် အရပ်သားများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင်တို့ သေဆုံးခဲ့ကြကြောင်း ဒေသခံတို့က ဆိုသည်။ လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုမှာ ဆိုင်းဘုတ်အနီး ထောင်ထားသည့်မိုင်းအား စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတို့က ပြောဆိုသည်။ ထို့နောက် မိုင်းထောင်ထားသည့်နေရာအနီးတွင်တွေ့ရသည့် အမျိုးသား နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။ ယင်းသို့ပစ်သတ်ပြီးနောက် အုန်းသီးဆိုင်းဘုတ်အနီးရှိ ပျဉ်ထောင်အိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးကြောင်းလည်း […]

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် လောင်းလုံးဒေသခံတစ်ဦး သေဆုံး

Dawei Watch

December 21, 2023

လောင်းလုံး ဒေသခံတစ်ဦးသည် ရေဖြူမြို့နယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ရက်နေ့က ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာအနီး ဆိုင်ကယ်စီးလာ သည့် အမျိုးသားနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ ပြန်လှည့်ပြေးသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “‌အော်ပြီး ရပ်ခိုင်းတာ။ သူတို့က လှည့်ပြေးရာမှာ ပစ်ခံရတာ” ဟု ၎င်းက ပြောသည်။ သေဆုံးသူမှာ လောင်းလုံးမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အတူလိုက်ပါလာသည့် အမျိုးသားမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ ထိုနေ့က စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျခတ္တာပင်အင်းရွာကို ရောက်လာပြီး ပစ်ခတ် ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သောကြောင့် ‌ရွာခံများလည်း […]

လောင်းလုံးသဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီး အမျိုးသားအလောင်း လာကောက်သူမရှိ

Dawei Watch

December 21, 2023

လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးတွင် သွေးအိုင်ထဲလဲကျသေဆုံးနေသည့် အမျိုးသားအလောင်းကို လာရောက်ကောက်ယူသူမရှိဘဲဖြစ်နေကြောင်း ဒေသခံအချို့ထံမှသိရသည်။ ယင်းအမျိုးသားအလောင်းမှာ ယနေ့ ဒီဇင်ဘာ ၂‌၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်အထိ လမ်းမပေါ်တွင်ရှိနေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။ “အပေါ်ပိုင်းမှာ အင်္ကျီမရှိဘူး။ အောက်ပိုင်းမှာတော့ ဘောင်းဘီအပြာရောင်လိုလို၊ အစိမ်းရောင်လိုလိုဝတ်ထားတယ်။ သွေး‌အိုင်ထဲမှာ။ သွေးကတော့ခြောက်နေပြီ” ဟု ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားသူတစ်ဦးကဆိုသည်။ အုန်းသီးဆိုင်းဘုတ်အနီးရှိ နေအိမ်များအားလုံး ပိတ်ထားကြပြီး လမ်းသွား၊ လမ်းလာလည်း မရှိသလောက်နည်းပါးနေကြောင်း ၎င်းကဆိုသည်။ ယင်းဆိုင်းဘုတ်အနီးတွင် ထောင်ထားသော မိုင်းများကို စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်စီးမှု မနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သလို့ ညပိုင်းတွင်း လောင်းလုံးမြို့အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မနေ့ (ဒီဇင်ဘာ […]

သရက်ချောင်း၊ မင်းဒပ်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဝင်ရှာပြီး ပစ္စည်းများယူသွား 

Dawei Watch

December 20, 2023

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာက နေအိမ်များကို ဒီဇင်ဘာလ ၁၉ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၁၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာကို ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းက လက်နက်ကြီးနှစ်လုံး ပစ်ခတ်ပြီးနောက် လက်နက်ငယ်များ ပစ်ခတ်ကာ ရွာထဲဝင်လာကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ ပစ်ခတ်ဝင်လာသဖြင့် ဒေသခံအချို့ထွက်ပြေးကြပြီး အချို့မှာမိမိနေအိမ်တွင် နေကြကြောင်း ၎င်းတို့က ပြောဆိုသည်။ လူမရှိသည့် နေအိမ်များကို ရိုက်ဖျက်ဝင်ရောက်ရှာဖွေခဲ့ပြီး လူရှိသည့် နေအိမ်က အိမ်သားများကို အပြင်ထွက် ထိုင်ခိုင်းကာ အိမ်တွင်းကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းသို့ ရှာဖွေပြီး ဆိုင်ကယ် လေးစီးနှင့် ရွှေငွေတို့ကို ယူဆောင်သွားကြောင်း ၎င်းက ပြောဆိုသည်။ ရွှေ၊ ငွေမည်မျှ ယူဆောင်သွားသည်ကို စာရင်းအတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။  “ဝင်လာချိန် ခြောက်ပစ် ပစ်တော့ လူတွေကပြေးကြလွှားကြတယ်လေ။ လူတွေမရှိတော့ အိမ်က ပစ္စည်းတွေ ယူရ လွယ်တယ်လေ။ တို့အနားက ရွာတွေအားလုံး အဲဒီလိုအခြေအနေကြုံနေရတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် […]