သရက်ချောင်းမြို့နယ် NLD အမတ်ဟောင်း ဦးဝေဝေလွင်ကို ထောင်သုံးနှစ်ချ
Dawei Watch
March 29, 2024ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သည့် ဦးဝေဝေလွင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။ ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းတွင် ဦးဝေဝေလွင်ကို ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်ကိုမူ အတိအကျမသိရပေ။ ဦးဝေဝေလွင်မှာ သရက်ချောင်းမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနစ်ရွေးကောက်ပွဲအနိုင်ရ ဦးဝေဝေလွင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါဝင်အရွေးခံခြင်းမရှိတော့ဘဲ မိသားစုနှင့်အတူ ထားဝယ်မြို့တွင်နေထိုင်လျက်ရှိသည်။ ၂၀၂၄ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဦးဝေဝေလွင်သည် ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားခဲ့ကြောင်း နီးစပ်သူတို့ကဆိုသည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဦးဝေဝေလွင်ကို နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူ့ကို( ဦးဝေဝေလွင်ကို) က ၂၀၂၁၊ ၂၀၂၂ ခုနစ်ကတည်းက အမှုဖွင့်ထားတယ်ဆိုပြီးပြောတယ်။ ဖမ်းခံရပြီးမှ အဲဒါတွေပြောတာ” […]


