ကံပေါက်က CDM ပညာရေးဝန်ထမ်းနှစ်ဦးကို ထားဝယ်ထောင်သို့ပို့ပြီး အမှုစွဲတင်ရန်ပြင်ဆင်နေဟုဆို
Dawei Watch
March 31, 2024ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်က ဖမ်းဆီးထားသည့် CDM ပညာရေးဝန်ထမ်း လေးဦးအနက် ၂ ဦးကို မတ်လတတိပတ်အတွင်း ထားဝယ်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံက သိရသည်။ ထားဝယ်အကျဥ်းထောင်ပို့ခံရသူနှစ်ဦးသည် ရာဖူးရွာ အထက ကျောင်းက ရုံးစာရေး ဒေါ်ကေဂျာဦး နှင့် လှည်းကုန်းရွာ မူလွန်ကျောင်းက အလယ်တန်းပြ ဆရာမ ဒေါ်နီလာစန်းတို့ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ထောင်ကိုတော့ ရောက်နေပြီ။ ခရိုင်တရားရုံးမှာ ဧပြီလဆန်းပိုင်း ပထမရုံးထုတ်မယ်သိရတယ်။ အမှုကိုတော့ မသိရသေးဘူး” ဟု ဒေါ်ကေဂျာဦး၏ မိတ်ဆွေ ရေဖြူမြို့နယ်မှ CDM ဆရာတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးနှင့်အတူ အဖမ်းခံထားရသည့် ကံပေါက်ရွာက CDM ဆရာမ နှစ်ဦးကိုမူ ရေဖြူ ရဲစခန်းအချူပ်တွင် ဆက်လက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ […]


