ထားဝယ်က ဇမ္ဗူသီရိပရဟိတအဖွဲ့ရုံးကို စစ်ကောင်စီတပ် ဝင်စီး
Dawei Watch
March 26, 2024ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဖြစ်သည့် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းရုံးခန်းကို ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အခွန်လွတ်ဈေးအရှေ့ရှိ ဇမ္ဗူသီရိရုံးခန်းကို မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သားများ၊ နယ်မြေခံ ရဲများနှင့် ပျူစောထီးများ အပါအဝင် စစ်ကောင်စီဘက်တော်သား ၁၀၀ နီးပါးက ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ထံ ဝင်ရောက်သွားပြီး လက်ရှိတွင် ထားဝယ်မြို့သို့ ရောက်ရှိနေသည် ဟုဆိုကာ လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီရုံးက ကောင်လေး PDF ထဲကို ဝင်တယ်လို့တော့ ပြောတာပဲ။ အခု ထားဝယ်ပြန်ရောက်နေတယ် သတင်းရလို့တဲ့”ဟု အထက်ပါမြို့ခံက ပြောသည်။ ထိုကဲ့သို့ လာရောက်စစ်ဆေးချိန်တွင် စစ်ကောင်စီတပ်သားများက ပရဟိတအဖွဲ့သားများကို နာရီပိုင်းအကြာ […]


