သရက်ချောင်း၊ ကျောက်ဆည်ရွာ ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်သိမ်းပိုက်မီးရှို့
Dawei Watch
March 19, 2024တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာက ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့(မတ် ၁၉) နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်မီးရှို့လိုက်ကြောင်း PDF ပူးပေါင်းတပ်၏ ဖက်ဒရယ်စစ်ကြောင်းထံက သိရသည်။ အဆိုပါစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီအင်အား ၂၀ ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာသည်ဟု ဖက်ဒရယ်စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။ “ပျူစောထီးစခန်းကိုတော့ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးလိုက်တယ်၊ နယ်မြေရှင်းလင်းရေးလုပ်ပြီးတော့ ပျူစောထီးငါးဦးသေတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ပဲဒက်စခန်းကိုလည်း ၆၀ မမစိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိပါတယ်” ဟု ကိုမင်းထက်က ပြောသည်။ ကျောက်ဆည်ပျူစောထီးစခန်းတိုက်ပွဲတွင် M22 ကာဘိုင်သေနတ် ၁ လက်၊ M16 A1 ၁ လက် […]


