ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့အနီး ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

March 13, 2024

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့အနီးရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံတို့က ပြောသည်။ မတ်လ ၁၀ ရက်ကစပြီး ည ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး သုံးညဆက်တိုက် ထိုသို့ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များမှာ စစ်ပြဲကျေးရွာ၊ လေးသွန်းခံကျေးရွာ အပြင်ဘက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ထိခိုက်မှုကတော့ မကြားရသေးဘူး။ လူတွေကတော့ ရွာထဲလာကျမှာကို ကြောက်နေကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်ကမူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခြင်းမျိုး မရှိဘဲ မြေပြင်စစ်ကြောင်းထိုးခြင်းတို့သာ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချထားသည့်နေရာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲနောက်ပိုင်းတွင် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခြင်းမရှိတော့ဘဲ မြို့ထဲတွင်ပင် […]

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

March 12, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ လတ်တလောရရှိသည့် သတင်းများအရ မေတ္တာမြို့အနီးတဝိုက်နှင့် ပျဉ်းသားတော၊ သဗြုချောင်း စသည့် နေရာများ တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မနေ့ည ၁၂ နာရီကျော်လောက်မှာတော့ မေတ္တာဘက်က လက်နက်ကြီးသံတွေ ဆူဆူညံညံကြားရတာရှိတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သဗြုချောင်းရွာ၊ ပျဉ်းသားတောရွာနှင့် မေတ္တာဘက်နေထိုင်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသဖြင့် ဗုံးကြဲသည့် နေရာအတိအကျနှင့် ထိခိုက်မှုအခြေအနေတို့ကို မသိရသေးကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုဗုံးကြဲတဲ့နေရာက ပျဉ်းသားတောနဲ့ သဗြုချောင်းဘက်လို့တော့ ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။ […]

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းဝရွာက ဒေသခံလေးဦးဒဏ်ရာရ

Dawei Watch

March 12, 2024

သရက်ချောင်းမြို့နယ် ဝင်းဝရွာစခန်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံး နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က‌ ပြောသည်။ မတ်လ ၉ ရက် ညနေပိုင်းတွင် ဝင်းဝစခန်းကုန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး တောင်အောက်ရှိ နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ ဒဏ်ရာရသူ အမျိုးသမီးကို ဆေးရုံပို့ရန် ပြင်ဆင်နေကြစဉ် နောက်ထပ် လက်နက်ကြီးကျည် တစ်လုံး နေအိမ်ခြံဝန်းထဲ ထပ်မံ ကျရောက်ပေါက်ကွဲရာ အရေးပေါ်လူနာကူညီသယ်ဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “တချို့ကတော့ ဒဏ်ရာရတာ နည်းနည်းပါးပါးပဲ။ တစ်ယောက်ကတော့ နည်းနည်းများတယ်လို့ပြောတယ်။ ဝင်းဝစခန်းကို လူနာတင်ဖို့ကိစ္စ ကားခေါ်ဖို့ကိစ္စ သွားပြောနေတုန်း နောက်တစ်လုံးထပ်ကျလာတာ။ အဲဒီအမျိုးသမီးနဲ့ နောက်အမျိုးသား […]

သရက်နှစ်ခွရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

March 12, 2024

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် မတ်လ ၁၁ ရက်နေ နံနက်ပိုင်းက အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုင်းနင်းမိသူမှာ သရက်နှစ်ခွရွာသား ဦးမြင့်စိုးဖြစ်ကြောင်း သိရသည်။ သရက်နှစ်ခွကျေးရွာအနီး ကားလမ်းမ၏ အနောက်ဖက် ရထားသံလမ်းအနီးတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူက ရထားလမ်းဘေးက ချောင်းထဲမှာ ကွန်ပစ်သွားတယ်။ အဲဒီမှာ မိုင်းနင်းမိတာ” ဟု ၎င်းဒေသခံကပြောသည်။ မိုင်းနင်းမိခြင်းကြောင့် ဦးမြင့်စိုး၏ ညာဘက်ခြေထောက် ဖြတ်လိုက်ရပြီး ဘက်ဖက်ခြေထောက်တွင်လည်း ဒဏ်ရာအနည်းငယ် ရရှိကာ ထားဝယ်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။ ယခု မိုင်းနင်းမိသည့်နေရာနှင့် နှစ်ဖာလုံခန့်အကွာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်လည်းရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း သရက်ချောင်းမြို့နယ်တွင် မိုင်းနင်းမိပြီး ဒဏ်ရာသူ နှစ်ဦးရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ခြေထောက်ပြတ်သွားခဲ့သည်။ ယခုနှစ်အတွင်း ထားဝယ်မြို့နယ်နှင့် […]

ဇဟာရွာတွင် အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

March 12, 2024

ထားဝယ်မြို့နယ် ဇဟာရွာတွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိသူမှာ အသက် ၆၀ ဝန်းကျင်ရှိ ဇဟာရွာသူ ဒေါ်နှင်းမူဖြစ်ပြီး ဇဟာရွာကားလမ်းမ၏ အရှေ့ဘက်ရှိ ၎င်း၏ဥယျာဉ်ခြံထဲတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ခြံထဲမှာ သီဟိုစေ့ သွားကောက်တယ်။ ခြံအလယ်မှာပဲ ဖြစ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ဒေါ်နှင်းမူသည် လက်ရှိတွင် ထားဝယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇဟာရွာတွင် ဖေဖော်ဝါရီလမှ ယနေ့အထိ နှစ်လတာအတွင်း မိုင်းနင်းမိသူ သုံးဦးအထိရှိလာပြီ ဖြစ်သည်။ မိုင်းနင်းမိသည့်ဒဏ်ရာဖြင့် ဇဟာရွာသား အမျိုးသားတစ်ဦးသေဆုံးကာ နောက်အမျိုးသားတစ်ဦးနှင့် (ဒေါ်နှင်းမူ) အမျိုးသမီးတစ်ဦး ခြေထောက်ဖြတ်လိုက်ရသည်။ မိုင်းနင်းမိသူသုံးဦးစလုံးမှာ […]

မေတ္တာမြို့အနီးကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၊ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိ

Dawei Watch

March 11, 2024

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့အနီး တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ပြုလုပ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။ မတ်လ ၁၀ ရက်က မေတ္တာမြို့အနီးတွင် တစ်နေ့လုံးနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ တပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNU တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ (၄) တပ်ရင်း (၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဘက်က လေးဦး သေဆုံး ကြောင်း ၎င်းက ဆိုသည်။ “အခုက […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ နှစ်ထောင်ကျော်သာရှိ

Dawei Watch

March 11, 2024

တက္ကသိုလ်ဝင်စာမေးပွဲများ ယနေ့စတင်ဖြေဆိုနေပြီဖြစ်ရာ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုသူ နှစ်ထောင်ကျော်( ၂၄၉၅ ဦး) ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှသိရသည်။ ယင်းပမာဏမှာ အာဏာသိမ်းကာလ ၄ နှစ်အတွင်း ( ၂၀၂၁ မှ ၂၀၂၄ အထိ) အနည်းဆုံးပမာဏဖြစ်သည်။ လက်ရှိဖြေဆိုနေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် လောင်းလုံးမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ၁၂ ဦးသာရှိပြီး တိုင်းအတွင်းအနည်းဆုံးဖြစ်သည်။ အများဆုံးမှာ မြိတ်မြို့နယ်ဖြစ်ပြီး တစ်ထောင်ကျော်( ၁၁၇၃ ဦး) ရှိသည်။ တက္ကသိုလ်ဝင်သင်ရိုးကို စနစ်သစ်ပြောင်းလိုက်ပြီးနောက်ပိုင်း စာမေးပွဲဖြေဆိုသူ နည်းပါးသွားကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အာဏာစသိမ်းသည့် ၂၀၂၁ ခုနစ်‌တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ငါးထောင်နီးပါး(၄,၇၆၃ဦး) ရှိသည်။ ၂၀၂၂ ခုနစ်တွင်မူ ကျောင်းသားဦးရေ ၄၀၀ ကျော်လျော့ကျသွားပြီး လေးထောင်ကျော်( ၄,၃၅၉ ဦး) သာရှိခဲ့သည်။ ၂၀၂၃ ခုနစ်တွင်လည်း […]

စစ်ကောင်စီက တနင်္သာရီတိုင်းတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း

Dawei Watch

March 10, 2024

တနင်္သာရီတိုင်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်ဖြစ်သည်။ ခရိုင်၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများဖြစ်သည်။ အဆိုပါ စစ်မှုထမ်းဆင့်ခေါ်ရေးအ‌ဖွဲ့ကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။ ယခုတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဖွဲ့စည်းပြီးဖြစ်သောကြောင့် စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ‌ရပ်ကျေးအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ မကြာခင် ဖွဲ့စည်းလာနိုင်သည်။ ‌“အခုထိတော့ စစ်မှုထမ်းဖို့ စာရင်းကောက်တာမျိုးတော့ မကြားရသေးဘူး။ အသံကြားရင်တော့ ကျန်တဲ့ လူငယ်တွေပါ မြို့ပေါ်နေရဲကြမှာ မဟုတ်တော့ဘူး” ဟု ထားဝယ်မြို့ခံ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကဆိုသည်။ စစ်ကောင်စီကမူ […]