ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်နာရေးကူညီမှုအသင်း ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 22, 2024

ထားဝယ် နာရေးကူညီမှုအသင်း၏ ဝန်ထမ်းတစ်ဦး ယနေ့ မွန်းလွဲ ပိုင်းက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ထားဝယ်မြို့နယ် ဇဟာရွာသား အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇော်မင်းထွန်းဆိုသူဖြစ်သည်။ ထားဝယ်မြို့ ဘာသာပေါင်းစုံသုဿာန်နှင့် ဇဟာရွာကြား ရှိ ရေကာတာအနီးပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာကတော့ ခေါင်းမှာချည်းပဲ”ဟု ၎င်းဒေသခံကပြောသည်။ သေဆုံးသူမှာ ထားဝယ်နာရေးကူညီမှုအသင်း ဝန်ထမ်း သုံးဦးအနက် တစ်ဦးဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင်ပင် နာရေးကူညီမှုကိစ္စများများ လုပ်ကိုင်ဆောင်ရွက်ပေးနေသေးကြောင်း ထားဝယ်နာရေးကူညီမှု​ အဖွဲ့ဝင်များထံမှ​ စုံစမ်းသိရှိရသည်။ အဆိုပါနာရေးကူညီမှု ဝန်ထမ်းကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့်ပစ်သတ်သွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။ ကိုဇော်မင်းထွန်း၏ ရုပ်အလောင်းကို ယနေ့ ညနေပိုင်းတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်းသိရသည်။

ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသူ တစ်ဦး ပြန်လွတ်

Dawei Watch

March 22, 2024

ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသူ မနှင်းစုလှိုင်မှာ မတ်လ ၂ဝ ရက်က လွတ်ရက်စေ့၍ပြန်လွတ်လာခဲ့ကြောင်း ၎င်း၏မိတ်ဆွေများထံကသိရသည်။ “ ပြန်လွတ်လာတာ ကျန်းကျန်းမာမာ ပါပဲ “ ဟု ပြန်လွတ်လာပြီးနောက်​ သွားရောက်တွေ့ဆုံခဲ့သည့် မိတ်ဆွေ အမျိုးသမီး က ပြောသည်။ မနှင်းစုလှိုင်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဇေလင်းဦးနှင့်အတူ ၂၀၂၁ ခုနှစ် ဧပြီလဆန်းတွင် ထားဝယ်မြို့ ၊ကျန်းမာရေးလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံရပြီး ၇လ အကြာ​ြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ပုဒ်မ​ ၅၀၅(က)၊၅၀၅(ဂ) တို့ဖြင့် မနှင်းစုလှိုင် အား ထားဝယ်ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၄ နှစ် ၆ လ ချမှတ်ခဲ့သည်။ မနှင်းစုလှိုင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဇေလင်းဦးမှာ ပုဒ်မ […]

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတွေ့

Dawei Watch

March 21, 2024

ထားဝယ်မြစ်ထဲတွင် မျှောပါနေသည့် အမျိုးသားအလောင်းတစ်လောင်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက တွေ့ရှိရကြောင်း မြို့ခံများထံမှသိရသည်။ ကြက်စားပြင်ရပ်ကွက်ရှိ ကမ်းနားလမ်း အလုပ်သမားရုံးအရှေ့ ထားဝယ်မြစ်ထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “လည်ပင်းမှာကြိုးတစ်စနဲ့ မျက်နှာကို သင်္ကန်းရောင် အဝတ်စနဲ့ ပိတ်ထားတယ်”ဟု ၎င်းကပြောသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းနှင့် မည်သည့်အကြောင်းယင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကို မသိရသေးပေ။ ‌အလောင်းကို မြို့ခံ အရေးပေါ် လူနာတင်ယာဉ်ဖြင့် လာရောက် တင်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့်နှစ် တွင် ဇူလိုင်လမှ ဩဂုတ်လအထိ နှစ်လအတွင်း ထားဝယ်မြစ်ထဲတွင် အမျိုးသားအလောင်း သုံးလောင်းအထိ တွေ့ရှိခဲ့ဖူးသည်။

မလွှဲတောင်ဂိတ် ပြန်ဖွင့်လိုက်သော်လည်း ယာဉ်အသွားအလာနည်းပါး

Dawei Watch

March 20, 2024

စစ်ကောင်စီက မနေ့(မတ် ၁၉)ကစတင်ပိတ်ထားသည့် မွန်-တနင်္သာရီနယ်စပ် ၊ ရေဖြူမြို့နယ်ရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်နည်းပါးနေသေးကြောင်း ဒေသခံများနှင့် ခရီးသွားများကပြောသည်။ ရေးမြို့ နှင့် ကလိန်အောင်မြို့အကြား မလွှဲတောင်လမ်းပိုင်းတွင် မတ်လ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီဘက်က မလွှဲတောင်ဂိတ်က ဖြတ်သန်းခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။ “ ကားတွေတော့ တဖြည်းဖြည်းချင်းသွားနေကြတယ်။ အများစုကတော့ အခြေအနေစောင့်ကြည့်ပြီးမှ သွားကြမယ် “ ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။ နယ်မြေစိုးမိုးရေးအတွက် တော်လှန်ရေးအဖွဲ့များ၏ လမ်းပိုင်း စစ်ဆေးမှုမှာ မနက် ၇ နာရီမှ ညနေ ၃ နာရီအထိကြာခဲ့ပြီး စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က လေယာဥ်ဖြင့် လာရောက်ကင်းထောက် ပျံသန်းမှုရှိခဲ့သည်ဟု နယ်မြေစိုးမိုးရေး […]

မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့

Dawei Watch

March 20, 2024

မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့ရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်းမှူးက ပြောသည်။ စစ်ကောင်စီတပ်သားများနှင့်အတူ အရပ်သားပြည်သူ ၄ ဦးလည်း သေဆုံးနေသည်ကို တွေ့ရဟု ၎င်းကဆိုသည်။ မတ်လ ၉ ရက်နေ့က ကျောက်မဲတောင်စခန်းမှ မေတ္တာဗျူဟာစခန်းကို ထိုးဖောက်ဝင်ရောက်သည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးကျော်ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ မေတ္တာမြို့တွင် ၆ ရက်ဆက် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု KNU၊ KNLA၊ PDF […]

ထားဝယ်တွင် အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာတစ်ဦး အဖမ်းခံရ

Dawei Watch

March 19, 2024

ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Royal Wisdom အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာဦးစိုးသူအောင်ကို စစ်ကောင်စီက မတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ “ နေပြည်တော်က ညွှန်ကြားချက်နဲ့ လာဖမ်းတယ်လို့ပဲသိရတယ်။ ကျန်တာတော့ဘာမှထပ်မသိရသေးဘူး “ ဟု ဦးစိုးသူအောင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ယခုလက်ရှိ ဦးစိုးသူအောင်ကို ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၎င်းကဆက်ပြောသည်။ ၎င်း၏အင်္ဂလိပ်စာသင်တန်းမှာမူ ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ဦးစိုးသူအောင်သည် ၂၀၁၉ ခုနှစ်မှစ၍ Royal Wisdom English language Club တွင် အင်္ဂလိပ်စာ သင်ကြားနေသူဖြစ်သည်။ ပြီးခဲ့သည်နှစ် ဇွန်လကလည်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှ ကိုယ်ပိုင် မူကြိုကျောင်း တည်ထောင်သူ ဇနီးမောင်နှံ နှစ်ဦးကို စစ်ကောင်စီက […]

ထားဝယ်ထောင်တွင် ဖုန်းဖမ်းမိသဖြင့် အကျဉ်းသားများကို ရိုက်နှက်စစ်ဆေး

Dawei Watch

March 19, 2024

ထားဝယ်အကျဉ်းထောင်တွင် ဖုန်းဖမ်းမိသည့်ကိစ္စဖြင့် အကျဉ်းသားနှစ်ဆယ်ကျော် ရိုက်နှက်စစ်ဆေးခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN)နှင့် အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။ ပြီးခဲ့သည့်အပတ် (မတ်လ ၁၃ ရက်၊ ၁၅ ရက်)က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်တွင် ဖုန်းတချို့ဖမ်းမိသည်ဟု ၎င်းတို့က ပြောသည်။ အကျဉ်းသား ၂၀ ကျော်ကို အပြင်းအထန်ရိုက်နှက်စစ်ဆေးခဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသားတချို့မှာ ခေါင်းကွဲ၊ ခြေကျိုး၊ မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်အညိုအမည်းစွဲဒဏ်ရာများ ရရှိခဲ့ကြောင်း DPPN က ယနေ့(မတ် ၁၉) မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။ ၎င်းတို့ကို သီးသန့်ခန်းတွင် တိုက်ပိတ်ထားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လထပ်တိုးသွားနိုင်ဖွယ်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မတ်လ ၁၇ ရက် ညပိုင်းကလည်း အကျဉ်းသားနှစ်ဦးကို စစ်ကောင်စီတပ်သားများက ခေါင်းစွပ်အနက်ရောင်စွပ်ပြီး ထောင်ဝန်းအပြင်ဘက်ကို […]

အကြောင်းပြချက်မရှိဘဲ မလွှဲတောင်ဂိတ်ကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်

Dawei Watch

March 19, 2024

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို အကြောင်းပြချက်မရှိဘဲ ယနေ့(မတ် ၁၉) မနက်ပိုင်း ဂိတ်ဖွင့်ချိန်မှစပြီး စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများနှင့် ခရီးသွားများ ထံကသိရသည်။ “ မလွှဲတောင်ဂိတ်ပဲ လမ်းပိတ်တာပါ။ တချို့ကားတွေ ပြန်လှည့်ဆင်းလာကြတယ် “ ဟု ရေး-ထားဝယ်ကားလမ်းပိုင်းရှိ ရာဖူးရွာသားတစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။ ရန်ကုန်သို့ အတက်ကားအများစုမှာ မလွှဲတောင်ခြေပတ်ဝန်းကျင်တွင် စောင့်နေပြီး တချို့လည်း ပြန်လှည့်သွားကြကြောင်း နှင့် အဆင်းကားများက ရေးမြို့အထွက်တွင်တွင် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လည်ဖြတ်သန်းခွင့်မပြုသေးကြောင်း ပိတ်မိနေသည့် ကားသမားများထံကသိရသည်။ အရေးကြီးသည်ဟု ယူဆရသော ကားအချို့သာဂိတ်ဖြတ်ခွင့် ရနေပြီး မည်သို့သောအကြောင်းပြချက်ဖြင့် ဂိတ်ပိတ်ထားကြောင်းကိုမူ မသိရဟုဆိုကြသည်။ လမ်းပိတ်ဆို့နေမှုပတ်သက်၍ မလွှဲတောင် ပတ်ဝန်းကျင် တွင် စစ်ရေးလှုပ်ရှား လေ့ရှိသည့် […]