ပကာရီရွာက နေအိမ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေစစ်ဆေး
Dawei Watch
November 27, 2023ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီကျေးရွာက နေအိမ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၂၃ ရက် ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်များ ပကာရီကျေးရွာကို ရောက်ရှိနေခြင်း ဖြစ်သည်။ ယင်းအနက် ကျောက်မဲတောင်ရွာတွင် အင်အား ၃၀ခန့်မှာ ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲကျန်ရှိကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရွာတွင် တပ်စွဲကျန်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းမှစတင်ကာ နေအိမ် နှစ်ဆယ်ကျော်ကို တစ်အိမ်တစ်ဆင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဧည့်စာရင်းစစ်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ […]


