လောင်းလုံး သပြေရှောင်ရွာက ရေလုပ်သားတဲများကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့
Dawei Watch
November 24, 2023သပြေရှောင်ကျေးရွာက ရေလုပ်သားတဲများကို စစ်ကောင်စီတပ်က ထပ်မံလာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းအပြင် ဒေသခံများ၏ ဆိုယ်ကယ်အစီးနှစ်ဆယ်ကျော်ကိုလည်း မီးပုံရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ သပြေရှောင်ရွာမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ရွာတစ်ရွာဖြစ်ပြီး ထားဝယ်-ရှင်မော် သွား ကားလမ်းမပေါ်တည်ရှိသည်။ စစ်ကောင်စီတပ်က သပြေရှောင်ရွာထဲသို့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် ထားဝယ်မြစ်အတိုင်း ရေလမ်းခရီးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွာထဲရှိ နေအိမ်များကို ရိုက်ဖျက်၊ မွှေနှောက်ရှာဖွေသွားပြီး ဆိုင်ကယ်ဆယ်စီးကျော်ကို သိမ်းဆည်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အဲဒီဆိုင်ကယ်တွေကို စာသင်ကျောင်းရှေ့မှာ ပုံပြီးမီးရှို့ပစ်လိုက်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် ညအချိန်တွင် ထားဝယ်မြစ်ကမ်းဘေးရှိ ရေလုပ်သားတဲ ၁၈လုံးနှင့် ဆိုင်ကယ် ဆယ်စီးခန့်ကို […]


