ထားဝယ်ဘက်မှတစ်ဆင့် တရားမဝင် ဝင်လာသူ ၁၉ ဦး ကန်ချနဘူရီတွင် ထိုင်းရဲဖမ်းမိ
Dawei Watch
April 28, 2026တနင်္သာရီတိုင်း ထားဝယ်ခရိုင်ဘက်မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၉ ဦးကို ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က စိုင်ယွတ်ဒေသ ဝပ်ဖူဖွန်ဘုန်းကြီးကျောင်းအနီးတွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် အုပ်စုလိုက် လမ်းလျှောက်နေသော မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသောနေရာသည် ထီးခီးမြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာတွင် ရှိသည်။ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ စုစုပေါင်း ၁၉ ဦးကို ပါဝင်ပြီး အားလုံးတွင် တရားဝင် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှတစ်ဆင့် တောလမ်းအတိုင်း တရားမဝင် ဝင်လာကြပြီး ရတ်ချ်ဘူရီခရိုင်သို့ သွားရောက်ရန် […]


