ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ချင်းမိုင်-ဘန်ကောက် အဝေးပြေးဘတ်စ်ကားပေါ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံရ

Dawei Watch

September 19, 2025

ထိုင်းနိုင်ငံ ချင်းမိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးဘတ်စ်ကားပေါ်တွင် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ ညက လမ်ဖွန်းခရိုင် စစ်ဆေးရေးဂိတ်တွင် အဝေးပြေးဘတ်စ်ကားတစ်စီးကို ရဲတပ်ဖွဲ့များ စစ်ဆေးရာမှ တရားမဝင် လိုက်ပါလာ‌သော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားပေါ်တွင် ယာဉ်မောင်းသမား၊ ယာဉ်နောက်လိုက်နှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား လေးဦးသည် ကားသမား ထိုင်ခုံနောက်ဘက်တွင် ပုန်း၍ လိုက်လာကြပြီး ကျန် ၁၄ ဦးသည် ကားထိုင်ခုံများတွင် လိုက်ပါလာခြင်းဖြစ်သည်။ ကားထိုင်ခုံနေရာများကို စစ်ဆေးရာ အမည်နှင့် လိုက်ပါလာသူတို့ မတူညီကြသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထပ်မံစစ်ဆေးရာမှ အထောက်အထားမရှိသော […]

ဘန်ကောက်တွင် မြန်မာလုပ်သား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါးမရ

Dawei Watch

September 17, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါး မရသဖြင့် ကူညီဆောင်ရွက်ပေးနေရကြောင်း WAG မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်ကောက်မြို့ ခေဒီကုမ္ပဏီ ဆောက်လုပ်ရေးဆိုဒ်များရှိ မြန်မာအလုပ်သမားများသည် ပြီးခဲ့သော ဇွန်လနောက်ပိုင်းမှစ၍ လုပ်အားခများ ပုံမှန် ရရှိခြင်းမရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ ယခုစက်တင်ဘာလတွင် လုပ်အားခ နှစ်လစာအထိ အလုပ်ရှင်က ရှင်းပေးခဲ့ခြင်းမရှိသဖြင့် ကူညီဖြေရှင်ပေးရန် WAG အဖွဲ့ကို စက်တင်ဘာလ ၁၆ ရက်နေ့က အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ မြန်မာအလုပ်သမား ၆၀၀ ဦးအနက် အမျိုးသားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ကျော်စီနှင့် အမျိုးသမီးများတွင် တစ်ဦးလျှင် ဘတ် ၁၁၀၀၀ ကျော်စီ လုပ်အားခ ရရန်ရှိနေပြီး […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၇၀ ဖမ်းဆီးခံရ

Dawei Watch

September 15, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်က စန်ခရာဘူရီဒေသ နောလူရွာအနီးရှိ ခြံထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာပြီး ပုန်းနေကြကြောင်း သတင်းရရှိသဖြင့် ထိုင်းနယ်ခြားစောင့်တပ်က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၇၀ ဦးရှိပြီး အားလုံးတွင် ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့် အထောက်အထား စာရွက်များ မတွေ့ရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မန္တလေးဒေသများမှ လာရောက်ကြပြီး ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း […]

ထိုင်းသို့ တရားမဝင်ဝင်လာသော မြန်မာများ တင်လာသည့် လှေမှောက်ပြီး မြန်မာ ၃ ဦး၏ အလောင်းတွေ့

Dawei Watch

September 13, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လှေမှောက်သဖြင့် ၃ ဦး သေဆုံးခဲ့ရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့က စန်ခရာဘူရီဒေသရှိ ဝချီရာလောင်ကွန်း ရေလှောင်ကန်ထဲတွင် မြန်မာနိုင်ငံသား ၃ ဦး၏ အလောင်းကို တွေ့ရှိရသည်ဟု သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးရှိပြီး အလောင်းများသည် ရေလှောင်ကန်ထဲတွင် ပေါလောပေါ်နေသည်ကို တွေ့ရှိခဲ့သဖြင့် ကမ်းပေါ်သို့ ဆယ်ယူခဲ့ရဟုဆိုသည်။ ပြီးခဲ့သော စက်တင်ဘာလ ၉ ရက်နေ့ညက မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာကြပြီး ကန်အတွင်း လှေဖြင့်သွားစဉ် သစ်ပစ်ငုတ်နှင့် တိုက်မိပြီး လှေမှောက်ခဲ့ခြင်းဖြစ်ကြောင်း […]