ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ကန်ချနဘူရီတွင် တရားမဝင် လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

Dawei Watch

October 11, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား တစ်ရာ ကျော် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းက ကန်ချနဘူရီမြို့ ဝပ်ခေါင်မေးဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသော ခြောက်ဘီးတပ် အလုံပိတ်ကုန်တင်ကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှတစ်ဆင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၀၇ ဦးရှိပြီး ၎င်းတို့နှင့်အတူ ကျောပိုးအိတ်များကို အလုံပိတ်ကားထဲတွင် တွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာကြပြီး တရားဝင် စာရွက်စာတမ်းများ မရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများကို‌ ခေါ်လာသော ထိုင်းကားမောင်းသမားကိုလည်း ကားနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး […]

မြန်မာကလေး ၉၀၀ ခန့် စာသင်နေသော မဟာချိုင်ရှိ သင်ကြားရေးစင်တာကို ထိုင်းအာဏာပိုင်များ ဝင်စစ်

Dawei Watch

October 10, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး စာသင်ကြားနေသော ဆရာ ၂၇ ဦးကိုလည်းစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၉ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသရှိ မြန်မာကလေးများ လေ့ကျင့်ရေးစင်တာတစ်ခုကို ထိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ လဝကနှင့် ပညာရေးဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သင်ကြားရေးစင်တာထဲတွင် ကလေးငယ် ၉၀၀ ခန့်နှင့် စာသင်ပေးနေသော ဆရာ၊ ဆရာမ ၂၇ ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သင်ကြားရေးစင်တာသည် လူငယ်များ အုပ်စုလိုက် လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိထားသော်လည်း တရားဝင် ကျောင်းဖွင့်၍ စာသင်ကြားခွင့်ကို ပညာရေးဌာနဘက်က ခွင့်ပြုထားခြင်းမရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။ အဆောက်အဦအသုံးပြုခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ရွှေ့ပြောင်းကလေးငယ်များကို စုစည်းပြီး ပညာသင်ကြားပေးရန် ခရိုင်ပညာရေးရုံး၏ […]

ထိုင်းက မြန်မာ ၉၀ ကို ယနေ့နေရပ်ပြန်ပို့၊ ယခုနှစ်အတွင်း ပြန်ပို့ခံရသူ ၁၈၀၀ နီးပါးရှိလာ

Dawei Watch

October 9, 2025

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်နေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းဘက်သို့ ယနေ့ထပ်မံလွှဲပြောင်းလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ စက်တင်ဘာလ ၅ ရက်နှင့် ၂၃ ရက်များတွင် မြန်မာနိုင်ငံသား ၂၉၂ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု အောက်တိုဘာလအတွင်း ထပ်မံလွှဲပြောင်းလိုက်ခြင်းဖြစ်သည်။ ယနေ့ အောက်တိုဘာလ ၉ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၉၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၂ […]

အလုပ်ထုတ်ခံရသော မြန်မာလုပ်သားများ နစ်နာကြေး ထိုင်းဘတ် သုံးသန်းကျော်ရ

Dawei Watch

October 8, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချာချင်စောင်ခရိုင်တွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာနိုင်ငံသားများ နစ်နာကြေး ဘတ် သုံးသန်းကျော် ရရှိကြောင်းMHAC မဟာမိတ်အဖွဲ့နှင့် မြန်မာနိုင်ငံသားများထံမှ သိရသည်။ အောက်တိုဘာလ ၁ ရက်က ချာချင်စောင်ခရိုင်ရှိ အလှကုန်ပစ္စည်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၂၀ ဦးကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စက်ရုံဘက်က အကြောင်းပြချက် တိတိကျကျမပေးဘဲ လုပ်သက်နည်းသော မြန်မာအလုပ်သမားများကို ရုတ်တရက် အလုပ်ထုတ်လိုက်သဖြင့် MHAC မဟာမိတ်အဖွဲ့နှင့်အတူ မြန်မာအလုပ်သမားများက အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ တိုင်ကြားခဲ့ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ အောက်တိုဘာလ ၇ ရက်တွင် ထိုင်းအစိုးရတာဝန်ရှိသူများက အလုပ်ရှင်နှင့် ညှိနှိုင်းပေးခဲ့ပြီး ဥပဒေအတိုင်း မြန်မာအလုပ်သမားများကို နစ်နာကြေးပေးစေခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။ မြန်မာအလုပ်သမားများအနက် […]

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးရေးစခန်းအသစ် ဖွင့်မည်

Dawei Watch

October 8, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေးစခန်းအသစ်တစ်ခုကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်တွင် တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။ CI စာအုပ်သက်တမ်းတိုးစခန်းများကို စမွတ်စခွန် မဟာချိုင်၊ စမွတ်ပရကန် ဖပဲဒင်၊ ချင်းမိုင် မဲရင်းနှင့် စူရတ်ဌာနီ ဖုဖိန်းဒေသများတွင် ဩဂုတ်လ ၆ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။ ယင်းစခန်းလေးခုအနက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် CI စာအုပ်ထုတ်ပေးရေး စခန်းတစ်ခုသာ ဖွင့်လှစ်ထားသဖြင့် တောင်ပိုင်းရှိ မြန်မာအလုပ်သမားများအတွက် လုံလောက်မှု မရှိပေ။ ယင်းကြောင့်ထိုင်းတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ စမွတ်စခွန်၊ စမွတ်ပရကန်ခရိုင်များအထိ လာရောက်ပြီး CI စာအုပ်သက်တမ်းတိုး လုပ်ဆောင်နေသည်ကို တွေ့ရသဖြင့် ယင်းစခန်းများတွင် […]

ထိုင်းနိုင်ငံ ဟွာဟင်တွင် တနင်္သာရီဒေသခံ အမွှာညီအစ်ကို နှစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး တစ်ဦးသေဆုံး

Dawei Watch

October 7, 2025

ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် အောက်တိုဘာလ ၅ ရက် ညပိုင်းက အသက်နှစ်ဆယ်ကျော်အရွယ် အမွှာညီအစ်ကို နှစ်ဦး စီးလာသည့်ဆိုင်ကယ်အား နောက်ထပ်ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း ဝေဟင်ရောက် မြန်မာ့အသိုင်းအဝိုင်းထံမှသိရသည်။ အမွှာညီအစ်ကို နှစ်ဦး သည် တနင်္သာရီမြို့နယ်၊ ဇဝဲရွာမှ ကိုကောင်းထိုက်စံနှင့် ကိုကောင်းထက်စံ တို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး အနက် အကြီးဖြစ်သူ ကိုကောင်းထက်စံသည် အောက်တိုဘာလ ၆ ရက်တွင်သေဆုံးသွားပြီး ၎င်းတို့နှင့် ယာဥ်တိုက်မှုဖြစ်ခဲ့သည့် ဆိုင်ကယ်မောင်း လာသူ တရုတ်နိုင်ငံသားလည်း ဒဏ်ရာပြင်းထန်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး ကပြောသည်။ ” အရှေ့က ဆိုင်ကယ်မောင်းတဲ့ အငယ်မှာက ဒဏ်ရာနည်းတယ်။ အကြီးနဲ့ တရုတ်မှာက ဒဏ်ရာများတယ်။ သူတို့သုံးယောက်စလုံးက ဆိုင်ကယ်ဦးထုပ်မပါကြဘူးလေ။ ပိုအထိနာကြတယ် ” ဟု ၎င်းကပြောဆိုသည်။ ဒဏ်ရာရသူ […]

ဘန်ကောက်တွင် ကားနှစ်စီးတိုက်မိပြီး မြန်မာတစ်ဦး သေဆုံး

Dawei Watch

October 7, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကားနှစ်စီး တိုက်မိခဲ့ရာမှ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြန်မာနိုင်ငံသား လိုက်ပါလာသော ပစ်ကပ်ကားမောင်းသမားက အိပ်ငိုက်ပြီး အရှေ့တွင် သွားနေသော ဆယ်ဘီးကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကားအနောက်တွင် လိုက်ပါလာသော အသက် ၄၀ နှစ်အရွယ် ကိုမြတ်သူအောင်က လမ်းပေါ်ပြုတ်ကျခဲ့ပြီး အနောက်ကပါလာသော ကားက ဝင်တိုက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ပစ်ကပ်ကားမောင်းသမားနှင့် ဘေးတွင်လိုက်ပါလာသူတို့ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်း မဖော်ပြထားသဖြင့် မသိရပေ။ လက်ရှိတွင် သေဆုံးသူ၏ အလောင်းကို စီရီရတ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကားတိုက်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း […]

ဖူးခက်တွင် မြန်မာတစ်ဦး ဓားထိုးခံရပြီး သေဆုံး

Dawei Watch

October 6, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအချင်းချင်း စကားများ ရန်ဖြစ်ရာမှ မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၃ ရက် ည ၇ နာရီခန့်က ပါတွန်ဒေသတွင် အသက် ၃၈ နှစ်အရွယ် ကိုဇော်မင်းဝင်းအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦး နေထိုင်ရာအခန်း အပြင်ဘက်တွင် ဓါးထိုးဒဏ်ရာဖြင့် လဲကျနေကြောင်း ဖော်ပြသည်။ ကိုဇော်မင်းဝင်းကို ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အခင်းဖြစ်သည့် အခန်းအနီးတွင် ဓားတစ်ချောင်းကို သွေးစများဖြင့် တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ အခင်းမဖြစ်ပွားမီ ကိုဇော်မင်းဝင်းသည် သူငယ်ချင်းတစ်ဦးနှင့်အတူ အခန်းထဲတွင် အရက်သောက်နေစဉ် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း […]