ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀ ကျော် ဖမ်းဆီးခံရ
Dawei Watch
October 23, 2025ထိုင်း-မြန်မာနယ်စပ်၊ တာခ့်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၂ ရက် ည ၁၁ နာရီခန့်က တာ့ခ်ခရိုင် မယ်လမတ်ဒေသတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ပဲခူးတိုင်းဒေသကြီးမှတစ်ဆင့် လာရောက်ကြပြီး မြဝတီဘက်ခြမ်းတွင် ကိုးရက်ကြာ နေထိုင်ပြီးမှ သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံဘက်ခြမ်း ကြံခြင်း၊ ပြောင်းခင်းများထဲ ပုန်းနေစဉ် အာဏာပိုင်များက စစ်ဆေးတွေ့ရှိသွားသဖြင့် […]


