ဖူးခက်တွင် အမှိုက်ကားပေါ်က ပြုတ်ကျပြီး မြန်မာလုပ်သားတစ်ဦး သေဆုံး
Dawei Watch
October 30, 2025ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် စွန့်ပစ်အမှိုက်များ ပို့ဆောင်နေသော ကားပေါ်က ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဖူးခက်မြို့ ကထူဒေသတွင် မြန်မာအလုပ်သမားက စွန့်ပစ်အမှိုက်များပို့ဆောင်နေစဉ် မောင်းနေသော ကားပေါ်က ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ် ကိုဝေလင်းကျော်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကုသပေးပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ စွန့်ပစ်ပစ္စည်းများကို ရောင်းချရန် ကားဖြင့်သယ်ဆောင်လာစဉ် အလုပ်သမားနှစ်ဦးက စွန့်ပစ်ပစ္စည်းများကို ထည့်ထားသော အိတ်များပေါ်တွင် ထိုင်၍ လိုက်ပါလာခဲ့ကြောင်း၊ စွန့်ပစ်ပစ္စည်းများ ထည့်ထားသော အိတ်တစ်လုံး ကားပေါ်က ပြုတ်ကျသွားရာ ကိုဝေလင်းကျော်လည်း ဟန်ချက်ပျက်သွားပြီး ၄ မီတာခန့်ရှိအမြင့်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကားသမားက […]


