ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၃၆ ဦး ယနေ့နံနက်တွင် ထပ်မံဖမ်းဆီးခံရ
Dawei Watch
November 19, 2025ထိုင်းနိုင်ငံ တာခ့်ခရိုင်ထဲသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၃၆ ဦးကို ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက်သန်းခေါင်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံ ရွှေ့ကုက္ကိုလ်ဒေသတွင် ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းခံရပြီးနောက်ပိုင်း တရားမဝင် ဝင်လာမှုများကို ဖမ်းဆီးနိုင်ရေး ထိုင်းနယ်ခြားစောင့်တပ်က တာခ့်ခရိုင် မယ်လမတ်ဒေသ နယ်စပ်တစ်လျှောက် တင်းတင်းကျပ်ကျပ် ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသားများကို လယ်ကွင်းထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အားလုံးသည် ထိုင်းနိုင်ငံထဲသို့ လှေဖြင့် တရားမဝင် ဝင်လာကြသူများဖြစ်သည်။ မြန်မာနိုင်ငံသားများက စမွတ်စခွန်ဒေသသို့ သွားရောက်ရန် ဝင်လာကြပြီး ပွဲစားများ လာခေါ်မည့်အချိန်ကို စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အားလုံးကို ရွာသူကြီးအိမ်သို့ […]


