ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ကားဘီးပေါက်ကာ မြောင်းထဲထိုးကျပြီး မြန်မာကိုးဦးသေဆုံး

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး ဘီးပေါက်ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းခဲ့သဖြင့် မြန်မာနိုင်ငံသားကိုးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဒီဇင်ဘာလ ၃ ရက်‌ နံနက် ၇ နာရီခန့်တွင် ရတ်ချ်ဘူရီခရိုင် ပါထောဒေသရှိ လမ်းဘေးမြောင်းထဲသို့ ကားတစ်စီး ရုတ်တရက် ထိုးဆင်းသွားသဖြင့် အနီးရှိ ပြည်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ကိုးဦး သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ သေဆုံးသူများ၏ ညာဘက်လက်ကောက်ဝတ်များတွင် အပြာရောင် ပလပ်စတစ်ကြိုး အမှတ်အသားများ ဝတ်ဆင်ထားပြီး ယင်းအမှတ်အသားများသည့် ၎င်းတို့သွားမည့် […]

ထိုင်းက မြန်မာ ၁၀၀ ကျော်ကို စစ်ကော်မရှင်ထံလွှဲအပ်၊ ယခုနှစ်အတွင်းပြန်ပို့ခံရသူ နှစ်ထောင်ကျော်ရှိ

Dawei Watch

December 3, 2025

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံနေရချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူ တစ်ဦးထံမှသိရသည်။ ပြီးခဲ့သော နိုဝင်ဘာလက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက် ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ […]

ထိုင်းတွင် ဒူးရင်းခြံအတွင်း မီးတိုင်ထူရင်း မြန်မာလုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ဒူးရင်းခြံထဲတွင် လျှပ်စစ်မီးတိုင်ထူနေစဉ် မြန်မာအလုပ်သမား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ထိုင်းအလုပ်သမား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက တရတ်မြို့ ဝမ်ကရာ့ကျဲဒေသရှိ ဒူးရင်းခြံထဲတွင် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမားများ မီးတိုင်ထူနေစဉ် အလုပ်သမား နှစ်ဦး ဓါတ်လိုက်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများက လျှပ်စစ်မီးတိုင်ကို အတူတူ မထူနေကြစဉ် မီးတိုင်ထိပ်ရှိ သံချောင်းက လျှပ်စစ်ဗို့အား ၂၂၀၀၀ ရှိသော မီးကြိုးကို သွားထိခဲ့သဖြင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမား ၁ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအချိန် အသက် […]

ထိုင်းတောင်ပိုင်း ရေဘေးသင့် မြန်မာလုပ်သားများ CI စာအုပ်ပျက်စီးပါက ပြန်လျှောက်ထားနိုင်

Dawei Watch

December 1, 2025

ရေကြီးမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သော စွန်ခရာခရိုင် ဟတ်ယိုင်မြို့အပါအဝင် ထိုင်းတောင်ပိုင်း ခရိုင်များတွင် နေထိုင်သော မြန်မာအလုပ်သမားများ CI စာအုပ်ပျက်စီးသွားပါက ပြန်လည်လျှောက်ထားနိုင်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ယနေ့ (ဒီဇင်ဘာ ၁) ရက်စွဲဖြင့် ထုတ်ပြန်သည်။ ယင်းခရိုင်နေ မြန်မာအလုပ်သမားများ အနေဖြင့် CI စာအုပ် ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ ငွေသွင်းထားသော ချလန်များ ပျောက်ဆုံးခြင်းတို့ရှိပါက နီးစပ်ရာ CI စာအုပ်ထုတ်ပေးရေးစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် CI စာအုပ်ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း မိုဘိုင်းစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားခြင်းဖြစ်သည်။ CI စာအုပ်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ်ဖြစ်ကာ […]

ထိုင်းတွင် ကြိတ်စက်ထဲ ညှပ်ပါသေဆုံးခဲ့သော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁၅ သိန်း ရမည်

Dawei Watch

November 29, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပလပ်စတစ်စက်ရုံတွင် ဖော့ပြားများကို ကြိတ်သောစက်ထဲ ခန္ဓာကိုယ် ညှပ်ပါသွားသဖြင့် သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ် ၁၅ သိန်း ရရှိမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ကိုသက်ဇော်ကိုမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က စက်ရုံထဲ အလုပ်လုပ်နေရင်း ဖော့ကြိတ်စက်ထဲ လူတစ်ကိုယ်လုံး ညှပ်သွားကာ ခန္ဓာကိုယ်တစ်စစီ ကြိတ်မိသွားပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုသက်ဇော်ကို သေဆုံးမှုနှင့် ပတ်သက်၍ နစ်နာကြေးများ ရရှိရေး ကူညီဆောင်ရွက်ပေးရန် ညီဖြစ်သူက WAG အဖွဲ့ထံ အကူအညီတောင်းခဲ့သည်။ WAG အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စက်ရုံတာဝန်ရှိသူများက မြို့နယ်အလုပ်သမားရုံး (ကျဟာငန်) တွင် ညှိနှိုင်းစကားပြောပြီးနောက် ကိုသက်ဇော်ကို သေဆုံးမှုအတွက် နစ်နာကြေး ဘတ် ၁၅ သိန်းပေးအပ်မည်ဟု ဆုံးဖြတ်ချက်ရရှိခဲ့ကြောင်း […]

ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲ၍ မြန်မာ ၆ ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

November 22, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးပြားများကို ဝယ်ယူရောင်းချနေပြီး သုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၆ ဦးကို ရဲတပ်ဖွဲက ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ကော့ဖငန်းကျွန်းပေါ်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို WY မူးယစ်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိရာမှတစ်ဆင့် ကွင်းဆက်ကို ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားက မူးယစ်ဆေးပြားများကို ကိုစည်သူအောင်ထံက ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ည ၈ နာရီခန့်တွင် ကိုစည်သူအောင်ထံက ဆေးပြားဝယ်ယူ၍ အသွင်ယူဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ကျွန်းပေါ်က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရာမှ ကိုစည်သူအောင်စီးသော ဆိုင်ကယ်သည် ဘန်တိုင်းဒေသရှိ ဘန်ဂလိုတစ်ခုတွင် ရပ်ထားသည်ကို စုံစမ်းသိရှိခဲ့ရသည်။ […]

ထိုင်းတွင် ကြိတ်စက်ထဲ ညှပ်ပါသွားသဖြင့် မြန်မာလုပ်သားတစ်ဦး သေဆုံး

Dawei Watch

November 21, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ပလပ်စတစ်စက်ရုံတွင် ဖော့တုံးများ ကြိတ်နေသော စက်ထဲသို့ လူတစ်ကိုယ်လုံးညှပ်ပါသွားသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် WAG အဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်က ချွန်ဘူရီမြို့တွင် အသက် ၂၄ နှစ်အရွယ် ကိုသက်ဇော်ကိုသည် ဖော့ကြိတ်စက်ထဲသို့ လူတစ်ကိုယ်လုံးဝင်သွားပြီး တစ်စစီ ကြိတ်မိသွားသဖြင့် နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ စက်ထဲ လူခန္ဓာကိုယ်တစ်ခုလုံး ကြေသွားသဖြင့် အလောင်းကို နံနက်အထိ ကောက်ယူခဲ့ရကြောင်းသိရသည်။ ကိုသက်ဇော်ကိုသည် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင်နေခဲ့ပြီးနောက် အိပ်ငိုက်သွားသဖြင့် ကြိတ်စက်ထဲ ပြုတ်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သုံးသပ်ထားသည်။ ကိုသက်ဇော်ကိုသည် ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၅ လခန့်သာရှိသေးပြီး ပန်းရောင်ဘတ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ […]

ထိုင်းကျောင်းသူကို အဓမ္မပြုကျင့်ရန် လုပ်ဆောင်မှုဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

November 20, 2025

ထိုင်းနိုင်ငံ၊ အန်ထောင်းခရိုင်တွင် ကျောင်းသူတစ်ဦး၏ အခန်းထဲဝင်ပြီး အတင်းအဓမ္မပြုကျင့်ရန် လုပ်ဆောင်သည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၈ရက် ည ၁၁နာရီခွဲက အန်ထောင်းမြို့တွင် အသက် ၁၉နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးတည်း အခန်းထဲ အိပ်ပျော်နေစဉ် အသက် ၂၈နှစ်အရွယ် မြန်မာနိုင်ငံသားက အခန်းထဲဝင်လာပြီး အဓမ္မပြုကျင့်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းကျောင်းသူသည် ပင်ပန်း၍ ခေတ္တမှေးပြီး အိပ်ပျော်နေစဉ် အသံကြားသဖြင့် လန့်နိုးလာချိန် မြန်မာနိုင်ငံသားက အခန်းထဲရပ်နေပြီး သူမ၏ ကိုယ်ပေါ်သို့ ခုန်အုပ်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံသားက လက်ဖြင့် သူမကို တင်းတင်းကျပ်ကျပ် ပါးစပ်ပိတ်ခဲ့ပြီး ကိုယ်ဖြင့် အတင်းကပ်၍ အတင်းအဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။ ထိုင်းကျောင်းသူက ရုန်းကန်၍ ခြေထောက်ဖြင့် […]