ထိုင်းတွင် ပန်းရောင်ဘတ်အသစ် လုပ်ငန်းစဉ် စဖွင့်
Dawei Watch
December 12, 2025ထိုင်းရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ် လုပ်ငန်းစဉ်များ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။ မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စ၍ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားခွင့် ရရှိသည်။ ကနဦးအဆင့်ဖြစ်သည့် အမည်စာရင်း (Name List) တင်သွင်းမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၁၅အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ ယနေ့ အမည်စာရင်း တင်သွင်းထားသော မြန်မာအလုပ်သမားများသည် Name list စာရွက်အစား ဘောတော် ၅၀ စာရွက်နှင့် ငွေရှင်းဖြတ်ပိုင်းကို ရရှိနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမား […]


