မလေးရှားတွင် တရားမဝင် နေထိုင်နေသော မြန်မာ ၆၉ ဦး ထပ်မံဖမ်းဆီးခံရ
Dawei Watch
September 11, 2025မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် တရားမဝင် နေထိုင်နေသော မြန်မာနိုင်ငံသား ၆၉ ဦး ထပ်မံဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး စီမံချက်ဖြင့် ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ဆယ်လန်ဂေါပြည်နယ် Setapak ဒေသက ၁၉ ထပ် အဆောက်အအုံကို မလေးရှားလဝကအဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံထဲတွင် တရားမဝင် နေထိုင်နေသော အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၄၃ ဦးနှင့် ကလေးငယ် ၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၁၂၅ ဦးကို ဖမ်းဆီးခဲ့ဟုဆိုသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၆၉ ဦး၊ အိန္ဒိယ ၂၅ ဦး၊ ပါကစ္စတန် ၁၄ […]


