နှစ်သစ်တွင် ထိုင်းက မြန်မာ ၁၀၀ ခန့်ကို ကော့သောင်းသို့ ဒုတိယအကြိမ် နေရပ်ပြန်ပို့
Dawei Watch
January 13, 2026နေရပ်ပြန်ပို့သူများကို စစ်ကော်မရှင်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ယနေ့ ကော့သောင်းဘက်သို့ ဒုတိယအကြိမ် နေရပ်ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ၂၀၂၆ ခုနှစ် နှစ်သစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၉၃ ဦးနှင့်အတူ ကလေး ၁ ဦးကို ကော့သောင်းမြို့သို့ […]


