ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာတစ်ဦး နစ်နာကြေးရရှိရန် အလုပ်ရှင်က တာဝန်မယူ

Dawei Watch

January 26, 2026

ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ကိုမျိုးသန့်သည် လေယာဉ်အပိုပစ္စည်းစက်ရုံထဲ ကော်ကြိတ်နေစဉ် လက်အိတ်အစသည် စက်နှင့် ငြိပါသွားသဖြင့် ဘယ်ဘယ်လက်လည်း စက်ထဲ ဝင်ပါခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြင့်ပြီးနောက် ဆေးရုံ သုံးရုံတွင် အသီးသီးလွှဲပြောင်း၍ ၂၈ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဘက်လက်တွင် လက်ချောင်း လေးချောင်းကို ဖြတ်တောက်လိုက်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ကိုမျိုးသန့်၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်နှင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) များက ကျခံပေးခဲ့ပြီး အလုပ် နားနေသည့်အချိန်တွင်လည်း […]

ကမ္ဘောဒီယားမှ ပြန်ပို့သည့် အွန်လိုင်းလောင်းကစားတွင်ပါဝင်သူ မြန်မာလေးရာနီးပါး မြိတ်မြို့သို့ရောက်လာ

Dawei Watch

January 26, 2026

ကမ္ဘောဒီးယားနိုင်ငံမှ လွှဲပြောင်းပေးလိုက်သည့် အွန်လိုင်းလိမ်လည် လောင်းကစားတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၃၈၀ ဦး ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံးသို့ လွှဲပြောင်းပေးပြီးနောက် ယခုကဲ့သို့ မြိတ်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား ၅၅၆ ဦး ကမ္ဘောဒီးနိုင်ငံက လွှဲပြောင်းပေးခဲ့သည့်အနက် မြိတ်မြို့သို့ ၃၈၀ ဦး ရောက်ရှိလာခြင်းဖြစ်သည်။ ပထမအသုတ် ၁၃၆ ဦးကို မန္တလေးမြို့သို့ ဇန်နဝါရီလ ၂၃ ရက်က ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်တွက်မူ နောက်ထပ် မြန်မာနိုင်ငံသား ၅၀ ဦးကို မန္တလေးမြို့သို့ပင် ပို့ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ကျန်ရှိသည့် […]

မဲဆောက်တွင် ဧရာဝတီမ အသတ်ခံရမှုအတွက် မြန်မာနှစ်ဦးကို ရဲတပ်ဖွဲ့ရှာဖွေနေ

Dawei Watch

January 23, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အွန်လိုင်းဆယ်လီ “ဧရာဝတီမ” ကို သတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၊ မယ်တောင်ဒေသရှိ သစ်ပင်အောက်၌ “ဧရာဝတီမ” ဟု လူသိများသည့် အသက် ၃၃ နှစ်အရွယ် ကိုတင်ဇော်ထွေး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုတင်ဇော်ထွေးသည် LGBTQIA2S+ တစ်ဦးဖြစ်ပြီး ဧရာဝတီမအမည်ဖြင့် ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါ (Followers) ပေါင်း သိန်းချီရှိသည့် နာမည်ကြီးသူတစ်ဦးလည်း ဖြစ်သည်။ အလောင်းကို မှောက်လျက်အနေအထားဖြင့် တွေ့ရှိရပြီး ဦးခေါင်းရိုက်ခွဲခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း အလောင်းစစ်ဆေးချက်အရ သိရသည်။ အနီးတွင် ရိုက်သတ်ရာ၌ အသုံးပြုခဲ့သည်ဟု ယူဆရသော သွေးပေနေသည့် သစ်သားတုတ်ကိုလည်း တွေ့ရှိရသည်။ အလောင်းအနီးတွင် […]

ကော့ဖငန်းကျွန်းတွင် ထိုင်းအမည်ခံ လုပ်ငန်းများကို အရေးယူ၊ မြန်မာ ၁၀ကျော်လည်း ဖမ်းဆီးခံရ

Dawei Watch

January 22, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ထိုင်းအမည်ခံထားသည့် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်စစ်ဆေး အရေးယူခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂၁ ရက်တွင် ကော့ဖငန်းပေါ်က စားသောက်ဆိုင် ၂၂ ဆိုင်၊ အဝတ်အစားနှင့် လက်ဆောင်ပစ္စည်းဆိုင် တစ်ဆိုင်နှင့် ဟိုတယ် နှစ်လုံးတို့ကို စူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၇၀ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသား အမည်ခံပြီး စီးပွားရေးလုပ်ကိုင်မှုဖြင့် လုပ်ငန်း ငါးခုကို အရေးယူခဲ့သလို နိုင်ငံခြားသားများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော လုပ်ငန်း သုံးခုကိုလည်း အရေးယူခဲ့ကြောင်း ဖော်ပြသည်။ နောက်ထပ် ဟိုတယ်ဥပဒေအောက်က ဟိုတယ်နှစ်လုံးကိုလည်း အရေးယူခဲ့ကြောင်း ဖော်ပြသည်။ နိုင်ငံခြားသားများကို တားမြစ်ထားသော […]

မဲဆောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီးအတွက် မြန်မာများ စုပေါင်းသွေးလှူ

Dawei Watch

January 21, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသော မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးအတွက် မြန်မာနိုင်ငံသားများက စုပေါင်းသွေးလှူဒါန်းကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထောက်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားသည်။ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ရဲတပ်ကြပ်ကြီးကို မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီးမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံကြီးတွင် အရေးပေါ်ကုသခဲ့ရကာ လက်ရှိတွင် အခြေအနေမှာ တည်ငြိမ်လာပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ဆေးကုသမှုခံယူနေရသည့် ရဲတပ်ကြပ်ကြီးအတွက် မဲဆောက်ဆေးရုံတွင် လာရောက်သွေးလှူဒါန်းနိုင်ကြောင်း ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းတွင် မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယနေ့ […]

မဲဆောက်တွင် ရဲတပ်ကြပ်ကြီးကို သေနတ်ပစ်ခတ်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားအား အင်အားသုံးရှာဖွေနေ

Dawei Watch

January 21, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက် လက်နက်အပြည့်အစုံဖြင့် အင်အားသုံး ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ဦး ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သဖြင့် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားနှစ်ဦးထံမှ သေနတ်ဝယ်ယူပြီး အသွင်ယူ ဖမ်းဆီးရန်ကြိုးပမ်းစဉ် သေနတ်ကိုင်ဆောင် လာသော မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်သော နေရာတွင် အသက် ၂၀ နှစ်အရွယ် ကိုမင်းဇော်သူကို ဆိုင်ကယ်နှင့်အတူ […]

မဲဆောက်တွင် ပျောက်ဆုံးနေသည့် ဧရာဝတီမဟု လူသိများသူ၏ အလောင်းပြန်တွေ့

Dawei Watch

January 20, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်ပြီး အွန်လိုင်းဈေးရောင်းနေသော ဧရာဝတီမဟု လူသိများသူသည် ပျောက်ဆုံးနေရာမှ ယနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းတွင် ရုပ်အလောင်းပြန်တွေ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဧရာဝတီမသည် LGBTQ+ တစ်ဦးဖြစ်ပြီး ဧရာဝတီမဟု လူသိများသည့် တင်ဇော်ထွေးသည် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနက်ချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖုန်းအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေရာမှ ယနေ့ ညနေပိုင်းတွင် ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ၎င်းက ဆိုသည်။ “လုပ်ကြံသွားတယ်လို့ပဲ ယူဆထားတယ်။ သူနဲ့ပါသွားတာတွေလည်း အလုခံလိုက်ရတယ်ဆိုတော့” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။ ဧရာဝတီမ အိမ်မှ ထွက်သွားစဉ်က ၎င်းနှင့်အတူ ဖုန်း၊ ရွှေနှင့် ပိုက်ဆံများလည်း ပါသွားကြောင်း […]

အယုဒ္ဓယတွင် မြန်မာလုပ်သားများကို ထိုင်းမျိုးချစ်အဖွဲ့ လာရောက်စစ်ဆေးရိုက်နှက်

Dawei Watch

January 20, 2026

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် စင်ထိဝါဒေသတွင် မြန်မာအလုပ်သမားများကို နှုတ်ခမ်းမွေးအဖွဲ့ဟု လူသိများသော ထိုင်းမျိုးချစ်အဖွဲ့များက လာရောက်စစ်ဆေးပြီး ရိုက်နှက်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ဇန်နဝါရီလ ၁၉ရက် ည ၁၀နာရီခန့်တွင် မြန်မာအများစုနေထိုင်ရာ စင်ထိဝါရပ်ကွက်ထဲသို့ ထိုင်းမျိုးချစ်အဖွဲ့များ ရောက်ရှိ လာပြီး တိုက်အောက်နှင့် လမ်းပေါ် သွားလာနေသော မြန်မာအလုပ်သမား ဆယ်နှင့်ချီကို မေးမြန်းစစ်ဆေးပြီး ရိုက်နှက်ခဲ့ ကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။ စင်ထိဝါရပ်ကွက်အတွင်း ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့ ယာဉ်အချင်းချင်း တိုက်မိသည်ဟု သတင်းထွက်ရာမှ ပြဿနာစတင် ဖြစ်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ပြောဆိုသည်။ ယင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံသားက ယာဉ်ဖြင့် တိုက်မိသည်ကို မတောင်းပန်ဘဲ မောင်းပြေးသွားသည်ဆိုပြီး မကျေမနပ်၍ ထိုင်းနိုင်ငံသားက ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အွန်လိုင်းပေါ်သို့ ဗီဒီယိုမှတ်တမ်းဖြင့် ဖြစ်စဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ […]