ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ဖမ်းဆီးခံရသော မြန်မာများက ဖမ်းဆီးသည့်အဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ကို မွေးနေ့သီချင်းဆိုဂုဏ်ပြုပေး

Dawei Watch

January 20, 2026

ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက အဖွဲ့ခေါင်းဆောင်ရဲတပ်ကြပ်ကြီး၏ မွေးနေ့အတွက် လက်ခုပ်တီး သီချင်းဆို ဂုဏ်ပြုပေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၉ ရက် ည ၁၁ နာရီခွဲက အန်ထောင်းခရိုင် ချိုင်းယိုးဒေသ အမှတ် ၃၂ အမြန်လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားနှစ်စီး အရှိန်မြှင့်မောင်းလာပြီး ကားပြတင်းပေါက်များကို ကာထားကာ ကားအနောက်ကို ဖုံးထားဖြင့် မသင်္ကာဖြစ်၍ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ကားနှစ်စီးတွင် မြန်မာနိုင်ငံသား ၂၂ ဦး လိုက်ပါလာပြီး ၎င်းတို့တွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ချင်းရိုင် မယ်ဆိုင်ဒေသသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံထဲ အလုပ်ရရှိရန် ဘတ် ၁၃၀၀၀ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၅၀ ခန့် ဖမ်းဆီးခံရ

Dawei Watch

January 19, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က ကန်ချနဘူရီမြို့ လတ်ရဒေသ အမှတ် ၃၂၃ အမြန်လမ်းမကြီးတွင် မသင်္ကာစရာ ဗန်ကားတစ်စီးကို ကန်ချနဘူရီရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဗန်ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ကလေး ၅ ဦး စုစုပေါင်း ၄၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အားလုံးတွင် နိုင်ငံကူးလက်မှတ်၊ တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို နယ်စပ် စန်ခရာဘူရီဒေသမှတစ်ဆင့် […]

မြန်မာလုပ်သားများ CI စာအုပ်ဖြင့် ထိုင်းဖုန်းဆင်းကတ်များ ပြန်ဝယ်ခွင့်ပြုဟုဆို

Dawei Watch

January 19, 2026

နိုင်ငံကူးလက်မှတ်မရှိသော မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ဖြင့် ထိုင်းနိုင်ငံအတွင်း ဖုန်းဆင်းကတ်များ ပြန်လည်ဝယ်ယူ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း Bangkok Post သတင်းဌာနက ဇန်နဝါရီလ ၁၈ ရက်တွင် ဖော်ပြသည်။ ဖုန်းဆင်းကတ် မှတ်ပုံတင်ရာတွင် နိုင်ငံကူးလက်မှတ်မရှိသေးသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် ယာယီခရီးသွားခွင့် လက်မှတ်ကဲ့သို့ အခြားအထောက်အထား စာရွက်စာတမ်းများကို ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဆိုသည်။ ထိုင်းနိုင်ငံသား မဟုတ်သူများနှင့် နိုင်ငံသားမှတ်ပုံတင်ကတ် မရှိသူများ၏ အခွင့်အရေးများကို ပိုမိုကောင်းမွန်အောင် မြှင့်တင် ပေးလိုသော ရည်ရွယ်ချက်ဖြင့် ထပ်တိုးခွင့်ပြုပေးခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသားရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ ဒုတိယအထွေထွေအတွင်းရေးမှူး Trairat Viriyasirikul က ပြောသည်။ ယခင်က နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်) ဖြင့်သာ ထိုင်းနိုင်ငံအတွင်း ဖုန်းဆင်းကတ်ဝယ်ယူပြီး မှတ်ပုံတင်ခွင့်ပြုထားခြင်း ဖြစ်သည်။ […]

ထိုင်းတွင် တရားမဝင်လုပ်ကိုင်သူများ စစ်ဆေးဖမ်းဆီးမှု အရှိန်မြှင့်၊ မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံရ

Dawei Watch

January 16, 2026

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအပါအဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် ရယွန်ခရိုင်ရှိ အလုပ်သမားနေရာများတွင် မြန်မာအလုပ်သမား ၅၀ ဦးနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁၅ ဦးကို ဝင်ရောက်စစ်ဆေးခဲ့ရာ ရက်ကိုးဆယ် သတင်းပို့ တိုင်ကြားရန် ပျက်ကွက်သူနှင့် တရားမဝင်နေထိုင်သူ စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူ ရှစ်ဦးအနက် မြန်မာနှစ်ဦး ပါဝင်သည်။ ဇန်နဝါရီလ ၁၅ ရက်တွင် လယွန်ခရိုင် ဘန်ချန်းဒေသတွင် မြန်မာအလုပ်သမား ၅၇ ဦးကို စစ်ဆေးခဲ့ရာ အလုပ်လုပ်ခွင့် လက်မှတ်မရှိသူ ၁၃ ဦးကို ဖမ်းဆီးခံရကြောင်း […]

ထိုင်းတွင် အလုပ်သမားကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ ၄၅ ဦး ဒဏ်ရာရ

Dawei Watch

January 15, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အလုပ်ကြိုပို့လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် မြန်မာအလုပ်သမား ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်တွင် ချွန်ဘူရီခရိုင်၊ စီရိရာချာမြို့၊ စက်မှုဇုန်အနီးတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန် ဘတ်စ်ကားထဲတွင် မြန်မာအမျိုးသမီးတစ်ဦး ပိတ်မိနေဆဲဖြစ်သဖြင့် ဖြတ်တောက်ရေး ကိရိယာများသုံး၍ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြထားသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၅ ဦး လိုက်ပါလာပြီး အားလုံးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက […]

ချွန်ဘူရီတွင် လမ်းမကြီးပေါ် မြန်မာအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်

Dawei Watch

January 14, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်မှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၃ ရက် ည ၁၁ နာရီတွင် ချွန်ဘူရီခရိုင် ဖန်ထောင်းဒေသ လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်အောင်က ဦးခေါင်းကွဲဒဏ်ရာရပြီး အသက် ၃၆ နှစ်အရွယ် ကိုကံသာဦးက ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး ဖန်ထောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ ရန်ပွဲတွင် မြန်မာတစ်ရာခန့်ပါဝင်ပြီး ဓား၊ တုတ် စသည်တို့ ကိုင်ဆောင်ကာ နှစ်ဖက် အုပ်စု ခိုက်ရန်ဖြစ်ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်သည့် အကြောင်းအရင်းကိုမူ မသိရသေးဟု မျက်မြင်တွေ့ရှိသူများက ရဲတပ်ဖွဲ့ထံ ပြောဆိုသည်ဟု […]

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၇ ဦး ဒဏ်ရာရ

Dawei Watch

January 13, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလူခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော ရိုဟင်ဂျာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဖတ်ထလူခရိုင် ခွန်ခနွန်ဒေသ အာရှလမ်းမကြီးပေါ်တွင် ရိုဟင်ဂျာများ လိုက်ပါလာသော ထရပ်ကား(ကုန်တင်ကား)က ဘိလပ်မြေသယ်ကားကို အနောက်ကဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံသား ကားသမားနှင့်အတူ ယာဉ်နောက်တွင် လိုက်ပါလာသူများ ကားထဲပိတ်မိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ ဆယ်မိနစ်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။ ထရပ်ကား၏ အနောက်ပိုင်းတွင် တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရပြီး အထဲတွင် ဒဏ်ရာအပြင်းအထန် ရရှိနေသော ရိုဟင်ဂျာအမျိုးသမီး ၇ ဦးနှင့်အတူ ဘေးတွင် ဒဏ်ရာမရသူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို တွေ့ရဟု သတင်းတွင်ပါရှိသည်။ […]

ထိုင်းနိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်သော မြန်မာခြောက်ဦး ရဲစခန်းတွင် လာရောက်တောင်းပန်

Dawei Watch

January 13, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် ခိုက်ရန်ဖြစ်ခဲ့သော မြန်မာအလုပ်သမားခြောက်ဦးသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ရဲစခန်းသို့ ရောက်လာပြီး ပစ္စည်းပို့သမားများနှင့် ထိုင်းပြည်သူများကို တောင်းပန်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ The One Bra & Restaurant ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်ခဲ့သော ရုပ်သံမှတ်တမ်း ဆိုရှယ်မီဒီယာများပေါ် ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။ လမ်းဆုံမီးပွိုင့်တွင် မြန်မာနိုင်ငံသား မောင်းလာသော ကားက လမ်းကြောင်းမှားပြီး ဝင်လာသဖြင့် ထိုင်းပစ္စည်းပို့သမားက ဟွန်းတီး၍ သတိပေးခဲ့ရာမှ နှစ်ဖက်တင်းမာခဲ့ပြီး ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်တွင် စားသောက်ဆိုင်သို့ အာဏာပိုင်များ လာရောက်စစ်ဆေးချိန် […]