ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မဟာချိုင်တွင် အလှကုန်ပစ္စည်းအတု နှစ်သိန်းကျော်နှင့်အတူ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိ

Dawei Watch

February 4, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ ဂိုထောင်တစ်လုံးတွင် အလှကုန်ပစ္စည်းအတု နှစ်သိန်းကျော်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုင်ရှင်ဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က စမွတ်စခွန်မြို့ နာဒီးဒေသရှိ ပစ္စည်းသိုလှောင်ရုံတစ်ခုကို စီးပွားရေးဆိုင်ရာမှုခင်းနှိမ်နင်းရေးဌာနနှင့် CIB ရဲတပ်ဖွဲ့ဝင်များက ဝရမ်းနှင့်အတူ ရှာဖွေစဉ် အလှကုန်ပစ္စည်းအတုများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆံပင်ထိန်းသိမ်းရေးပစ္စည်း၊ ခေါင်းလျှော်ရည်နှင့် အခြားနာမည်ကြီး အလှကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဈေးလျှော့ရောင်းချနေသည်ဟု ကုမ္ပဏီများက တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲက ဝရမ်းနှင့်အတူ သိုလှောင်ရုံကို ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။ သိုလှောင်ရုံကို စစ်ဆေးစဉ် ပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို တွေ့ရပြီး အထဲတွင် ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ဆံပင်ပေါင်းဆေးကဲ့သို့ နာမည်ကြီး အမှတ်တံဆိပ် အလှကုန်ပစ္စည်းအတုပေါင်း နှစ်သိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ မြန်မာအမျိုးသမီးက […]

ကူညီသူနည်းလာလို့ ခက်ခဲနေတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

February 3, 2026

တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးရှောင်အရေအတွက်ကလည်း ပိုများလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလစာရင်းအရ တိုင်းထဲမှာ စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အလှူရှင်တွေကလည်း နည်းလာနေလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေအနေနဲ့ လုံလုံလောက်လောက် မထောက်ပံ့နိုင်ဖြစ်နေတယ်လို့ဆိုပါတယ်။

ထိုင်းက မြန်မာ ၆၀ ခန့်ကို ကော့သောင်းသို့ပြန်ပို့

Dawei Watch

February 2, 2026

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြကာ အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၀ ခန့်ကို ကော့သောင်းဘက်သို့ ယနေ့ နေရပ်ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်နှစ်ကြိမ် နေရပ်ပြန်ပို့ခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၆၈ ဦးကို စစ်အုပ်စုထံ ပြန်လွှဲပြောင်းထားပြီးဖြစ်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၅၈ ဦးနှင့်အတူ ကလေး ၃ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ယခုနေရပ်ပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း […]

ဒေသအကျိုးအတွက် သတ္တုမိုင်းရဲ့ ဆိုးကျိုးတွေ လျှော့ချဖို့လိုပြီ

Dawei Watch

February 2, 2026

အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့ ပဋိပက္ခတွေနဲ့အတူ တနင်္သာရီတိုင်းထဲ သတ္တုလုပ်ကွက်တွေလည်း မိုးဦးကျမှိုပေါက်သလို ပွစာကြဲပေါ်ပေါက်လာပါတယ်။ သတ္တုမိုင်းတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် စီမံနိုင်မယ်ဆိုရင် အုပ်ချုပ်တဲ့ လက်နက်ကိုင်အဖွဲ့ရော ဒေသခံတွေပါအကျိုးရှိမှာဖြစ်ပါတယ်။

ဒေသခံတွေကို ခြိမ်းခြောက်လာတဲ့ တနင်္သာရီက သတ္တုမိုင်းတွေ

Dawei Watch

February 2, 2026

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ ခေတ်စားလာနေတဲ့ သတ္တုမိုင်းတွေနဲ့ ရွှေလုပ်ကွက်တွေက ဒေသခံတွေရဲ့ လူမှုဘဝတွေကို ခြိမ်းခြောက်လာနေပါပြီ။ ၂၀၂၄ ခုနှစ် ဧပြီလက ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ တနင်္သာရီတိုင်းမှာ သတ္တုတူးနေတဲ့နေရာ ၆၆ ခုထက်မနည်းရှိနေပြီး စုစုပေါင်း အကျယ်အဝန်း ဧကနှစ်သောင်းခွဲကျော် အထိ ရှိနေပါတယ်။ ဒီပမာဏက ထားဝယ်မြို့ဧရိယာထက် ၄ ဆလောက်ရှိနေပါတယ်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသာ ကလေးများအားလုံး ကျောင်းတက်ခွင့်ပြုမည်

Dawei Watch

January 31, 2026

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်များအားလုံး ကျောင်းတက် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်အားလုံးသည် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း၊ တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားဖြစ်စေ ကလေးအားလုံးအကျုံးဝင်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အကယ်၍ ကျောင်းအပ်နှံသည့်အချိန် ရွှေ့ပြောင်းကလေးငယ်များတွင် မှတ်ပုံတင်နံပါတ်ဟုခေါ်သည့် G ၁၃ လုံး မရှိသေးသော်လည်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း ကျောင်းဘက်က G Code system မှတစ်ဆင့် မှတ်ပုံတင်ပေးပြီး ကျောင်းအပ်လက်ခံပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကလေးငယ်များသည် ဥပဒေအရ မှတ်ပုံတင်နံပါတ် ၁၃ လုံး မကျသေးသေးသည့်အချိန် ကျောင်းက ပေးထားသော G […]

ချွန်ဘူရီတွင် လုပ်ငန်းခွင်ထဲ လက်ပြတ်သွားသော မြန်မာတစ်ဦး တစ်နှစ်နီးပါးကြာအထိ နစ်နာကြေးမရ

Dawei Watch

January 30, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ စက္ကူအဟောင်းစက်ရုံတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် လက်ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦး တစ်နှစ်နီးပါးကြာသည်အထိ နစ်နာကြေးမရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကိုကျော်နိုင်ထူးသည် စီလာချာဒေသရှိ စက်ရုံတွင် အလုပ်လုပ်နေရင်း လက်အိပ်ကို သံကြိုးနှင့် ငြိပါသွားသဖြင့် စက်ထဲ ညာဘက်လက်တစ်ချောင်းလုံး ဝင်သွားခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြစ်ပြီးနောက် ချွန်ဘူရီဆေးရုံတွင် ဆယ်ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ညာဘက်လက်တွင် လက်ကောက်ဝတ်အထက်ပိုင်းအထိ ဖြတ်လိုက်ရသည်။ ကိုကျော်နိုင်ထူး၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်ဘက်က တာဝန်ယူရှင်းပေးခဲ့ကြောင်း သိရသည်။ ကိုကျော်နိုင်ထူး အလုပ်မဆင်းရသောရက်များအတွက် စက်ရုံဘက်က ထောက်ပံ့ငွေပေးမည်ဟု ဆိုခဲ့ပြီး နစ်နာကြေးကိစ္စကိုလည်း တာဝန်ယူဆောင်ရွက်ပေးမည်ဟုဆိုကြောင်း အဖွဲ့ထံမှ သိရသည်။ သို့သော်လည်း မတော်တဆဖြစ်ပြီးနောက်တွင် ကိုကျော်နိုင်ထူးကို […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

Dawei Watch

January 29, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၂ နာရီတွင် ထိုးဖားဖမ်းဒေသ ထာ့ခနူနေရာရှိ ကမ်းစပ်တွင် မြန်မာနိုင်ငံသားများက ရေလှောင်ကန်ကိုဖြတ်ပြီး အုပ်စုလိုက် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ စစ်ဆေးစဉ် ကားသုံးစီး ရပ်ထားသည်ကို တွေ့ရှိခဲ့ပြီး ကားနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ကားမောင်းသမားများကို စစ်ဆေးခဲ့ရာ အသက် ၁၆ နှစ်အရွယ် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ပြီး ကျန်ကားသမားများမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ကားများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၁၂ ဦးကို […]