ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သားများအပါအဝင် ကိုးဦးဒဏ်ရာရ
Dawei Watch
February 23, 2026ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင် မီးပွိုင့်တွင် ကားတိုက်မှုဖြစ်ခဲ့ရာမှ ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမားများ အပါအဝင် ကိုးဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၂ နာရီခန့်တွင် ဖတ်ထလူမြို့ထဲရှိ လမ်းဆုံမီးပွိုင့်နေရာတွင် ပစ်ကပ်ကားနှစ်စီးတိုက်မိပြီး တစ်စီးက ပက်လက်လှန်ကာ တိမ်းမှောက်ကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသား ငါဦးနှင့် ထိုင်းနိုင်ငံသား လေးဦးထိခိုက်ဒဏ်ရာရပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ဆိုသည်။ မြန်မာအလုပ်သမားငါးဦးသည် ဘန်ကောက်တွင် သွေးသွားစစ်ပြီးနောက် ဟတ်ယိုင်မြို့သို့ ထိုင်းကားသမား မောင်းနှင်သည့် ကားဖြင့် ပြန်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းသို့ပြန်လာစဉ် GPS က နေရာအမှားကို ညွှန်ပြထားသဖြင့် ဖတ်ထလူမြို့ထဲသို့ မှားယွင်းပြီး ရောက်ရှိခဲ့ကာ လမ်းဆုံမီးပွိုင့်သို့အရောက်တွင် နောက်ထပ် ပစ်ကပ်ကားတစ်စီးနှင့် တိုက်မိခဲ့သည်ဟု […]


