ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်တွင် အမေရိကန်တစ်ဦး အသတ်ခံရမှု မြန်မာလေးဦး ဖမ်းဆီးခံရ

Dawei Watch

February 17, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ကောက်မြို့၊ စူစဝပ် ၂၆ လမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်က အသက် ၅၅ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦး ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ ရုပ်အလောင်းတွင် ရိုက်နှက်ထားသည့် ပုံစံကို တွေ့ရပြီး ခြေထောက်နှစ်ဖက်စလုံး ကျိုးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါ အမေရိကန်နိုင်ငံသားသည် ချစ်သူဖြစ်ခဲ့ဖူးသူ မြန်မာနိုင်ငံသား အမျိုးသမီးနှင့် ပြန်ပေါင်းလိုသဖြင့် မကြာခဏ လာရောက် နှောင့်ယှက်လေ့ရှိကြောင်း မြန်မာနိုင်ငံသားများက ထွက်ဆိုသည်ဟု ဆိုသည်။ မြန်မာအမျိုးသမီးကလည်း အမေရိကန်နိုင်ငံသားနှင့် ပြဿနာဖြစ်မည်စိုး၍ လမ်းခွဲထားခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူများထံသို့ လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ထိုင်းမှာ မြန်မာလုပ်သားတစ်ဦးပျောက်ဆုံးနေပြီး တစ်လကြာအထိရှာမတွေ့

Dawei Watch

February 17, 2026

ထိုင်းမှာ မြန်မာလုပ်သားတစ်ဦးပျောက်ဆုံးနေပြီး တစ်လကြာအထိရှာမတွေ့

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ပျောက်ဆုံးနေပြီး တစ်လကြာအထိ ရှာမတွေ့

Dawei Watch

February 16, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ပျောက်ဆုံးနေပြီး တစ်လကြာသည်အထိ အဆက်အသွယ်မရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၁၇ နှစ်အရွယ် ကိုရဲထွဋ်ဦးသည် ဇန်နဝါရီလ ၁၆ ရက်က စမွတ်ပရကန် ပါနန်းဒေသတွင် အလုပ်လုပ်ကိုင်နေစဉ် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ ပျောက်ဆုံးပြီး တစ်လအကြာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အထိ အဆက်အသွယ် လုံးဝ မရရှိသေးသဖြင့် မိသားစုဝင်က စိုးရိမ်စိတ်ပူနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူက ပျောက်သွားတာ တစ်လကြာပြီလေ။ သူ့ဖုန်းကို ဆက်တော့လည်း အဆက်အသွယ်မရဘူး။ ပုလိပ် (ထိုင်းရဲ) ဖမ်းသွားတာလား။ အခြားနေရာ ထွက်သွားတာလား။ တစ်ခုခုဖြစ်နေတာလားပေါ့။ ကျွန်တော်တို့ လုံးဝ ဆက်သွယ်လို့ […]

ထိုင်းတွင် လူမှုဖူလုံရေးထည့်ဝင်ထားသူများ အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်

Dawei Watch

February 13, 2026

ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသော မြန်မာအလုပ်သမားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယင်းအစီအစဉ်ကို လာမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေလ ၁ ရက်) တွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း လူမှုဖူလုံရေးရန်ပုံငွေရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူး Niyada Seneemanomai က ပြောသည်။ လူမှုဖူလုံရေး (ပကန်စံခွန်) ထည့်ဝင်ထားသူများအတွက် သွားကျန်းမာရေးစနစ်နှင့် ပတ်သက်၍ အကျိုးခံစားခွင့် ပိုမိုရရှိစေရန် ရည်ရွယ်၍ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သူမက ပြောသည်။ ရိုးရိုး အံသွားနုတ်ခြင်းအတွက် ဘတ် ၁၅၀၀ အထိ ခံစားခွင့်ပြုမည်ဖြစ်ပြီး၊ အကယ်၍ ခွဲစိတ်မှု ပိုမိုရှုပ်ထွေးခဲ့ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။ […]

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ဖေဖော်ဝါရီ ၁၇ စဖွင့်မည်

Dawei Watch

February 12, 2026

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီခရိုင်များတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဟုဆိုသည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်းပြီး မိမိပြုလုပ်လိုသော နီးစပ်ရာ CI စခန်းများတွင် ကြိုတင်ရက်ချိန်း ရယူနိုင်ကြောင်း ဖော်ပြထားသည်။ 7-Eleven စတိုးဆိုင်က ပေးလိုက်သော ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ […]

ဖူးခက်တွင် မြန်မာငါးဖမ်းသမားတစ်ဦး လှေပေါ်မှ ပြုတ်ကျပျောက်ဆုံး

Dawei Watch

February 11, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် မြန်မာရေလုပ်သား ငါးဖမ်းသမားတစ်ဦးသည် လှေပေါ်မှ ပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီမှ ၁၁ နာရီကြားတွင် ငါးဖမ်းလှေပေါ် အလုပ်နားနေချိန် ပင်လယ်ထဲ ပြုတ်ကျ၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း လှေဦးစီး ပြောဆိုချက်ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။ ပျောက်ဆုံးနေသူမှာ အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်းဌေးဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အလုပ်စတင်ရန် လူပြန်စုသည့်အချိန် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း လှေဦးစီးက ဆိုသည်။ ကိုကျော်မင်းဌေး ပျောက်ဆုံးနေသည်ကို သိရှိပြီးနောက် လှေဖြင့် လှည့်ပတ်မောင်း၍ ရှာဖွေခဲ့ပြီး အနီးအနားက လှေများကလည်း မီးထိုး၍ ကူညီရှာဖွေပေးခဲ့သေးကြောင်း […]

မဲဆောက်တွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံး

Dawei Watch

February 11, 2026

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့တွင် ကားတိုက်မှုကြောင့် မြန်မာလူငယ် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာရကြောင်း မဲဆောက်လူမှုကူညီရေးအသင်း (Phitak Kanchan Mae Sot Foundation) ထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၇နာရီခန့်က အာရှလမ်းမကြီးအတိုင်း ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၁) တံတား ဘက်သို့ မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် လမ်းတွင် ရပ်နားထားသော ကုန်တင်ကားကို အနောက်က ဝင်တိုက်ခဲ့ ကြောင်း ဆိုသည်။ ကားတိုက်မှုကြောင့် အိမ်စီးကားပေါ်က အသက် ၂၈နှစ်အရွယ် မြန်မာကားသမား အမျိုးသားတစ်ဦးနှင့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ သေဆုံးခဲ့သော အမျိုးသမီးသည် NISCO (THAILAND) CO., LTD […]

ဘန်ကောက်မြို့လယ်တွင် ဆောက်လုပ်ရေးကရိန်းပြိုကျပြီး မြန်မာလုပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရ

Dawei Watch

February 7, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကရိန်းပြိုကျမှုကြောင့် အောက်တွင်ရှိနေသော မြန်မာအလုပ်သမားတစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ခလောင်တိန်နယ်မြေ Asoke ဒေသ စူကူဗစ် ၂၁ လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျခြင်းဖြစ်သည်။ အလုပ်လုပ်နေသော မြန်မာအလုပ်သမားများအပေါ်သို့ ကရိန်း ပြုတ်ကျလာခဲ့ပြီး မြန်မာအလုပ်သမားနှစ်ဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။ ၎င်းတို့အနက် အမျိုးသားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန်တွင် သတိမေ့မြောနေ သဖြင့် အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ပေး၍ အထွေထွေရဲဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ နောက်တစ်ဦးမှာ အမျိုးသမီးအလုပ်သမားဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ချူလာလောင်ကွန်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ ကရိန်းပြိုကျမှုနှင့် ပတ်သက်၍ […]