ထိုင်းတောင်ပိုင်းတွင် ညအချိန် အိမ်ထဲခိုးဝင်သော မြန်မာအမျိုးသားဖမ်းဆီးခံရ
Dawei Watch
February 27, 2026ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်တွင် ညသန်းခေါင်အချိန် ခြံထဲကျော်ဝင်လာပြီး နောက်ဖေးမှတစ်ဆင့် အိမ်ထဲ ခိုးဝင်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်က ခနုံမြို့တွင် မြန်မာအမျိုးသားတစ်ဦးသည် လမ်းဖြတ်ကူး၍ ခြံထဲသို့ ကျော်တက် ကာ ထိုင်းနိုင်ငံသား၏ အိမ်ထဲသို့ ဝင်လာပီး အိမ်နောက်ဖေးက ခိုးဝင်လာခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။ မြန်မာနိုင်ငံသားသည် အတွင်းခံတစ်ထည်တည်းသာ ဝတ်ဆင်ပြီး အိမ်နံရံကို ကျော်တက်၍ မီးဖိုချောင်ထဲကို ခိုးဝင်ခဲ့သည်ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ အဆိုပါနေအိမ်သည် ထိုင်းနိုင်ငံသား အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး နေထိုင်သော အိမ်ဖြစ်နေကြောင်း ဖော်ပြသည်။ အိမ်ရှင်အမျိုးသမီးသည် မီးဖိုချောင်က အသံကြားသဖြင့် အိပ်ပျော်ရာမှနိုးလာပြီး မီးဖွင့်၍ […]


