နှစ်သစ်မှာ ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းပြန်ပို့
Dawei Watch
January 6, 2026နှစ်သစ်မှာ ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းပြန်ပို့
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါနှစ်သစ်မှာ ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းပြန်ပို့
CI သက်တမ်းတိုးစခန်းတွေ ဇန်နဝါရီ ၁၆ ရက်နေ့အထိ ထပ်တိုးဖွင့်လှစ်
စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ယနေ့ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ယခု ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၇၅ ဦးနှင့်အတူ ကလေး ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ လွှဲပြောင်းလိုက်သည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြန်မာနိုင်ငံသား […]
ထိုင်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူဟု စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား မြန်မာနိုင်ငံသို့ မှားယွင်းပို့ဆောင်မိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ၎င်းအမျိုးသားအား ပြန်လိုက်နေကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆက်သွယ်ရေးပိုင်း အမှားအယွင်းတစ်ခုကြောင့် ယင်းသို့ မှားယွင်းပြန်ပို့မိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ ယင်းမှာ ရည်ရွယ်ရှိရှိ လုပ်ဆောင်မှုလော သို့မဟုတ် ပေါ့ဆမှုကြောင့်လောဆိုသည်ကို စုံစမ်းစစ်ဆေးကာ ပါဝင်ပတ်သက်သူများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။ ယမန်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၌ ထိုင်းအမျိုးသမီးတစ်ဦးက သူမ၏ မိခင်ဖြစ်သူအား မြန်မာအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့သည်။ အဆိုပါ အမှုတွင် သံသယရှိသူ မြန်မာအလုပ်သမား ကိုထွန်းသာအောင်အား နိုဝင်ဘာ ၁၅ ရက်တွင် မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ […]
ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများ ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ ထုတ်ပြန်သည်။ CI စာအုပ် ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း ရွေ့လျားစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားသည်။ ယင်းစခန်းများကို ဒီဇင်ဘာလ ၃၁ ရက်အထိသာ ဖွင့်လှစ်ပေးမည်ဟု ကနဦး ကြေညာထားသော်လည်း 7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းသူများ ကျန်ရှိနေသည့်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်အထိ နောက်ဆုံးအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာမှုမရှိစေရန် သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုးစခန်းများတွင် လုပ်ဆောင်ကြရန် ဖော်ပြသည်။ […]
ငါးမျက်နှာဘုရားဖူးလာသော ကားတစ်စီး ထိုင်းနိုင်ငံ ဖစ်ချဘွန်ခရိုင်ရှိ အဝေးပြေးလမ်းမတွင် တိမ်းမှောက်ရာ ကားပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခွဲခန့်က ဖစ်ချဘွန်ခရိုင် စရီထေ့ဒေရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဗန်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မြောင်းထဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားတိမ်းမှောက်မှုကြောင့် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က စရီထေ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ ကားသည် အယုဒ္ဓယမြို့မှ ဖစ်ချဘွန်ခရိုင်ရှိ ငါးမျက်နှာဘုရားဖူးရန် သွားနေစဉ် ကားတစ်စီး အရှေ့ကို ရုတ်တရက် ကျော်တက် လာသဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြသည်။ လက်ရှိတွင် ကားမှောက်မှုဖြစ်စဉ်နှင့် […]
ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်ညက တနင်္သာရီဒေသခံ လူငယ်တစ်ဦး လည်ပင်းတွင် ဓားထိုးခံရ၍သေဆုံးကြောင်း ဟွာဟင်ရောက်မြန်မာအသိုင်းအဝိုင်းထံမှသိရသည် ။ သေဆုံးသူသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုင်းနိုင်ငံရောက်လာပြီး သစ်သီးအရောင်း ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် အသက် ၁၈ နှစ်အရွယ် ကိုသူရပိုင် ဖြစ်ကြောင်း ကာယကံရှင် ၏ မိသားစုများကပြောသည် ။ ကိုသူရပိုင်သည် တနင်္သာရီမြို့နယ် ၊ ကျွဲထိန်းကွင်းရွာသားဖြစ်သည်။ ဟွာဟင်မြို့ ရှိ တံတားတစ်စင်းပေါ်တွင် ဝိုင်းဖွဲ့သောက်စားကာ သီချင်းဆိုနေသည့် ကိုသူရပိုင် အပါအဝင် မြန်မာလေးဦး နှင့် ၎င်းတို့ဝန်းကျင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် ထိုင်းလူငယ်အဖွဲ့တို့ စကားများရာမှ ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း းကိုသူရပိုင် ၏ မိသားစုဝင်တစ်ဦး က ဆိုသည် ။ ” ထိုင်းတွေနဲ့ တိုက်ရိုက်ရန်ဖြစ်တာတော့ […]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများကို Rabbit Card ဖြင့် BTS ရထားစီးခွင့် စတင်ပိတ်ပင် ကန့်သတ်ခံနေရကြောင်း ဘန်ကောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ Rabbit Card ဆိုသည်မှာ ကြိုတင်ငွေဖြည့်ကတ်ဖြစ်ပြီး BTS မိုးပျံရထားများ စီးရာတွင် လက်မှတ်ကောင်တာ၌ တန်းစီရန် မလိုအပ်ဘဲ အလိုအလျောက် ဝင်ရောက်စီးနင်းနိုင်သော ကတ်တစ်မျိုးဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားအချို့ သုံးစွဲနေသော Rabbit Card များကို စတင်ပိတ်ပင်ခဲ့ပြီး သုံးစွဲခွင့် မပြုတော့ကြောင်း ကတ်ပိတ်ခံရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။ “Myanmar passport နဲ့ဖွင့်ထားတဲ့ ကတ်တွေကို ပိတ်လိုက်တာ။ မြန်မာနိုင်ငံကဖြစ်တာနဲ့ တကယ် ရာဇ၀တ်သားလိုပဲ သက်သက်ကြီး ဆက်ဆံခံလိုက်ရတယ်။ ဘာကြောင့် ပိတ်လဲဆိုတာတော့ မသိရဘူး” ဟု […]