ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းရောက် မြန်မာလုပ်သားများအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ CI သက်တမ်းတိုးစခန်းများ ဖွင့်မည်

Dawei Watch

December 19, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ ထုတ်ပြန်သည်။ CI စာအုပ် ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း မိုဘိုင်းစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားသည်။ ယင်းစခန်းများကို ဒီဇင်ဘာလ ၂၁ ရက်တွင် ပိတ်သိမ်းရန် ကနဦး ကြေညာထားသော်လည်း 7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းသူများ ကျန်ရှိနေသည့်အတွက် လာမည့် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာမှုမရှိစေရန် သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုးစခန်းများတွင် လုပ်ဆောင်ကြရန် ရေးသားထားသည်။ CI မှာ […]

ထိုင်းတွင် စက်ရုံထဲ အာဏာပိုင်များဝင်စစ်၊ မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်ရှိ စက်ရုံတစ်ရုံထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ရယွန်လဝကရုံးက ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်က ပလွန့်ဒေ့ဒေသရှိ Heung Sung Electronics စက်ရုံထဲသို့ ထိုင်းအာဏာပိုင်များက ကွင်းဆင်း စစ်ဆေးခဲ့စဉ် တရားမဝင် လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားအလုပ်သမား ၆၁ ဦးနှင့် အလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင် နေသည်ကို ၁၅ ရက်အတွင်း အကြောင်းမကြားထားသော အလုပ်သမား ၁၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများတွင် မြန်မာနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယား […]

ထိုင်းတွင် လူသတ်မှု သံသယဖြင့် မြန်မာတစ်ဦးကို ဖမ်းဆီး

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၄ ရက်နေ့က ကျန်ထဘူရီခရိုင် ဘုန်းကြီးကျောင်းအနီး ဝါးတောထဲတွင် အနက်ရောင်ရေပုံးကြီးထဲမှ အပုပ်နံ့ရသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးစဉ် အမည်မသိသူတစ်ဦး၏ အလောင်းကို ကြိုးတုပ်ထားသည့်ပုံစံဖြင့် တွေ့ခဲ့ရသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး အလောင်းကို အနက်ရောင် ပလပ်စတစ်နှင့်အတူ ပုဆိုးဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရကြောင်း သိရသည်။ ခေါင်းနှင့် ခြေထောက်ကိုလည်း ခေါက်ထားပြီး ခြေလက်များကို ကြိုးတုပ်ထားကာ လည်ပင်းနှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။ သေဆုံးသူသည် အနီးအနားတွင် နေထိုင်သူများထဲက မဟုတ်ဘဲ မြန်မာပုဆိုးကို တွေ့ရသဖြင့် မြန်မာနိုင်ငံသားဖြစ်နိုင်ပြီး […]

ရွှေဆွဲကြိုး အလစ်သုတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ရွှေဆိုင်တွင် ရွှေဆွဲကြိုးကို အလစ်သုတ်သွားသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၄ ရက်က စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသတွင် ရွှေဆိုင်ပိတ်ခါနီး အသက် ၂၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးက ဝယ်သူအဖြစ် ဟန်ဆောင်၍ ဆိုင်ထဲဝင်လာကာ ရွှေထည်ပစ္စည်းများကို ပြစေခဲ့ကြောင်း ဆိုသည်။ ဆိုင်ဝန်ထမ်းများက ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးသုံးကုံးကို ပြသစဉ် ဝယ်သူက ရွှေဆွဲကြုံးတစ်ကုံးအား အလစ်သုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် သံသယရှိသူကို လုပ်ငန်းခွင်ထဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် ရွှေဆိုင်နှင့် မဝေးသော […]

ထိုင်းသို့ တရားမဝင် လာသော မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 17, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်နှင့် စူဖန်ဘူရီခရိုင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၆ ရက်က ကန်ချနဘူရီမြို့ အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် ပိုနေသော ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။ ပစ်ကပ်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ လမ်းကြောင်းပြောင်း၍ မောင်းပြေးစဉ် ကန်ချနဘူရီမြို့ဝမ်ယန်ဒေသရှိ ကြံခင်းထဲအရောက် ကားက လမ်းဘေးမြောင်းဘောင်နှင့် တိုက်မိပြီး ရပ်တန့်ခဲ့ကာ ကားသမားထွက်ပြေးသွားကြောင်း ဖော်ပြသည်။ ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသားအချို့လည်း ထွက်ပြေးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် မြန်မာနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး […]

ချွန်ဘူရီတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၀ ဦး နစ်နာကြေး ဘတ် ကိုးသောင်းနီးပါးရ

Dawei Watch

December 16, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀ ဦးသည် နစ်နာကြေး ဘတ် ကိုးသောင်းနီးပါးရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သော အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) အဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၇ရက်က မြန်မာအလုပ်သမား ၁၀ဦးကို နောက်ဆုံး လစာကို ရယူရန် အလုပ်ထွက်စာတွင် လက်မှတ်ထိုးခိုင်းပြီး နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားများက နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ LRF အဖွဲ့ထံ အကူအညီလာရောက် တောင်းခံခဲ့သဖြင့် အလုပ်သမားများနှင့်အတူ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ သွားရောက် တိုင်ကြားခဲ့ကြောင်း LRF ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၅ ရက်တွင် ဆာဝါဒီကန်ရုံး၌ အလုပ်ရှင်က အလုပ်သမားများနှင့် လာရောက်ဆွေးနွေးခဲ့ပြီး အလုပ်ထုတ် နစ်နာကြေးအတွက် […]

ကန်ချနဘူရီတွင် အမျိုးသားဥယျာဉ်ထဲ အမဲလိုက်နေသော မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

December 16, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စိုင်ယွတ်အမျိုးသားဥယျာဉ်ထဲတွင် လက်လုပ်သေနတ်ဖြင့် အမဲလိုက်နေသော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေက စိုင်ယွတ်အမျိုးသားဥယျာဉ်ထဲတွင် အာဏာပိုင်များက ကင်းလှည့်နေစဉ် အမဲလိုက်ရန် ချောင်းကြည့်နေသော အမျိုးသားတစ်ဦးကို ငှက်ပျောတောထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသားသည် မျက်နှာဖုံးပုံစံ ဝတ်ဆင်ထားပြီး တိရစ္ဆာန်များကို အမဲလိုက်ရန်အတွက် လက်လုပ်သေနတ်ဖြင့် ချောင်းကြည့်နေသဖြင့် အာဏာပိုင်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ဟုဆိုသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ လက်လုပ်သေနတ်၊ ဓါးနှင့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ဟု သတင်းတွင်ပါရှိသည်။ မြန်မာအမျိုးသားသည် ရှဉ့်အပါအဝင် တိရိစ္ဆာန်များကို အမဲလိုက်ရန်အတွက် အမျိုးသားဥယျာဉ်ထဲသို့ ခိုးဝင်ခဲ့ကြောင်း ဝန်ခံခဲ့ဟုဆိုသည်။ ဖမ်းဆီးခံရချိန်တွင် တိရိစ္ဆာန်တစ်ကောင်မှ မမိသေးကြောင်း‌ သတင်းတွင် ဖော်ပြထားချက်အရသိရသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှင့်အတူ […]

ဖူးခက်တွင် မြန်မာတစ်ဦး ဆွဲကြိုးချသေဆုံး

Dawei Watch

December 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခန့်က ဖူးခက်မြို့ ထန်လန်ဒေသရှိ ဆောက်လုပ်ရေး အလုပ်သမားတန်းလျားထဲတွင် မြန်မာနိုင်ငံသားတစ်ဦး ဆွဲကြိုးချ၍ သေဆုံးနေကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြသည်။ သေဆုံးသူသည် အသက် ၄၉ နှစ်အရွယ် ဦးကျော်ဝင်းနိုင်ဖြစ်ပြီး အလုပ်သမားတန်းလျားရှိ အခန်းထဲတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း‌ ဆိုသည်။ ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးစဉ် ပြင်ပဒဏ်ရာများလည်း မတွေ့ရသလို အခန်းထဲ ရှာဖွေထားသည့် ပုံစံမျိုးလည်း မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အလောင်းသည် သေဆုံးချိန် ၈ နာရီကျော် ရှိနေပြီး လက်ရှိတွင် အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း […]