ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

တရားမဝင်ဝင်လာသည့် မြန်မာများပါလာသောကား ကန်ချနဘူရီတွင် ဓာတ်တိုက်ဝင်တိုက်၍ ၂၁ ဦး ဒဏ်ရာရ

Dawei Watch

November 10, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ နိုဝင်ဘာလ ၉ ရက်‌ နေ့လယ် ၁ နာရီခန့်က စန်ခရာဘူရီဒေသတွင် မြန်မာနိုင်ငံသားများ ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းရှိ စစ်ဆေးရေးဂိတ်မှ အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။ ကားသည် စစ်ဆေးရေးဂိတ်တွင် မရပ်တန့်ဘဲ စန်ခရာဘူရီ-ထိုးဖားဖုမ်းလမ်းတစ်လျှောက် မောင်းနှင်ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ […]

ထိုင်းတွင် ကလေးမီးဖွားခွင့် ရက် ၁၂၀ ပေးမည့် ဥပဒေထုတ်ပြန်

Dawei Watch

November 8, 2025

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပေးမည့်ဥပဒေကို နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ထိုင်းတော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာသည်။ အကယ်၍ မွေးဖွားလာသောကလေးသည် နာမကျန်း သို့မဟုတ် မသန်စွမ်းဖြစ်နေပါက နောက်ထပ် ၁၅ ရက် ထပ်တိုး ရယူနိုင်ကြောင်း ဖော်ပြထားသည်။ ကလေးပြုစုစောင့်ရှောက်ရန်အတွက် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။ အမျိုးသမီးမွေးဖွားချိန် ကူညီရန်အတွက် ခွင့်ရက် ၁၅ ရက် ယူထားသော ဖခင်ဖြစ်သူကို အလုပ်ရှင်ဘက်က လစာအပြည့် ပေးချေရမည်ဖြစ်ကြောင်း ဥပဒေအသစ်တွင် ဖော်ပြသည်။ မီးဖွားခွင့်ရက်ကို ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေရာမှ ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ […]

မဟာချိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၃၀ ဦး ဖမ်းဆီးခံရ

Dawei Watch

November 7, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၅ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသ ထာ့စောင်နေရာရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း တိုင်ကြားလာသဖြင့် ခရိုင်မှူးအပါအဝင် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် အလုပ်သမား ၇၀ ကျော် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား ၆၅ ဦးအလုပ်လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၀ ဦးက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စာရွက်စာတမ်းများမရှိဘဲ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား […]

ထိုင်းတွင် နယ်စပ်ဒုက္ခသည်စခန်းက မြန်မာများ ပထမဆုံးအကြိမ် လုပ်ငန်းခွင်ဝင်

Dawei Watch

November 6, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများသည် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင် လမ်ယိုင်ခြံများသို့ အလုပ်လုပ်ကိုင်ရန် စတင်ရောက်ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၅ ရက်က ကျန်ထဘူရီခရိုင် လမ်ယိုင်ခြံများတွင် အလုပ်လုပ်ရန် နယ်စပ်ဒုက္ခသည်စခန်းထဲက မြန်မာနိုင်ငံသားများ စတင်ရောက်ရှိကြောင်း ဖော်ပြသည်။ ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံထဲ တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သော ဩဂုတ်လ ၂၆ ရက်တွင် ညွှန်ကြားလိုက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်ရှိ လမ်ယိုင်အသီးခြံများသို့ အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ယခုပထမအသုတ်တွင် နယ်စပ်ဒုက္ခသည်စခန်း ကိုးခုအနက် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဘန်းတိုးယမ်စခန်းထဲက မြန်မာနိုင်ငံသား ကရင်လူမျိုး ၂၀၁ဦး ရောက်ရှိလာပြီး နိုဝင်ဘာလ ၆ရက်မှစ၍ […]

ထိုင်းက မြန်မာ ၅၀ နီးပါးကို ကော့သောင်းထပ်ပို့

Dawei Watch

November 5, 2025

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၇ ဦးကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း လိုက်ပါပို့ဆောင်ခဲ့သူများထံမှ သိရသည်။ အောက်တိုဘာလ ၉ ရက်က မြန်မာနိုင်ငံသား ၉၀ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများကို ထပ်မံပို့ဆောင်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၄၇ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ […]

ထိုင်းမှာ ကားတစ်စီး ဓါတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်လို့ မြန်မာလုပ်သား ငါးဦး ဒဏ်ရာရ

Dawei Watch

November 5, 2025

ထိုင်းမှာ ကားတစ်စီး ဓါတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်လို့ မြန်မာလုပ်သား ငါးဦး ဒဏ်ရာရ

ထိုင်းက နေရပ်ပြန်ပို့ထားသော မြန်မာ ၁၆ဦး တရားမဝင် ပြန်ဝင်လာစဉ် အဖမ်းခံရ

Dawei Watch

November 3, 2025

ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ထားသော မြန်မာနိုင်ငံသား ၁၆ ဦးသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြန်လည်ဝင်ရောက် လာစဉ် ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ နိုဝင်ဘာဘာလ ၃ ရက်က ချွန်ဖော်မြို့ အာရှလမ်းမကြီးပေါ် မောင်းနေသော ကားတစ်စီးကို ရဲတပ်ဖွဲ့များက မသင်္ကာ၍ စစ်ဆေးရာမှ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား ၁၆ ဦးသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်ရောက်လာကြပြီး မလေးရှားသို့ သွားရောက်ရန် ထိုင်းတောင်ပိုင်းလာစဉ် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားမဝင် ဝင်လာမှုကြောင့် အောက်တိုဘာလ ၂၆ရက်က ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ရတ်တဖူဒေသတွင် ဖမ်းဆီးခံရဖူးသူများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ကော့စမွေတွင် မြန်မာ ဆံသဆရာကို ရဲအရာရှိက ဆံပင်ညှပ်သူအသွင်ယူပြီး ဖမ်းဆီး

Dawei Watch

October 31, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် ဆံပင်ညှပ်နေသော မြန်မာဆံသဆရာတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၃၀ ရက်က ကော့စမွေကျွန်း ဘိုဖွတ်ဒေသရှိ ဆံပင်ညှပ်ဆိုင်ကို ရဲတပ်ဖွဲ့က ဆံပင်ညှပ်လိုသူအဖြစ် အသွင်ယူပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် အသက် ၂၁ နှစ်အရွယ် ကိုအောင်ဇော်ထွန်းဖြစ်ပြီး ထိုင်းနိုင်ငံသားပိုင် ဆံပင်ညှပ်ဆိုင်တွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်လသာရှိသေးကြောင်း ဆိုသည်။ ဆိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း လာရောက်ဆံပင်ညှပ်လေ့ရှိပြီး တစ်ဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ အထိ ရရှိကြောင်း မြန်မာနိုင်ငံသားက ထွက်ဆိုသည်ဟု ဖော်ပြသည်။ ရဲအရာရှိက အသွင်ယူ၍ ဆံပင်လာညှပ်ခြင်းဖြစ်ပြီး ဆံပင်ညှပ်ပြီးမှသာ အခြားလဝကအရာရှိများဖြင့် ကိုအောင်ဇော်ထွန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကိုအောင်ဇော်ထွန်းကို နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော […]