ထိုင်းတွင် ဘတ်အသစ်လျှောက်ရန် သတ်မှတ်ရက် ရောက်သော်လည်း အမည်စာရင်းတင်မရသေး
Dawei Watch
October 16, 2025ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအားလုံး အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့အထိ အမည်စာရင်း မတင်နိုင်ကြသေးကြောင်း မြန်မာအကျိုးဆောင်များထံမှ သိရသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားခြင်းဖြစ်သည်။ သို့သော်လည်း ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ အမည်စာရင်း (Name List) တင်သွင်းခြင်းကို အစိုးရ၏ တရားဝင် website တွင် မပြုလုပ်နိုင်သေးကြောင်း ဘန်ကောက်ရှိ […]


