ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ ဘတ်အသစ် အမည်စာရင်း လျှောက်ထားရန် ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

October 6, 2025

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သော ဩဂုတ်လ ၁၉ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။ အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း (Name List) တင်သွင်းခြင်းကို လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၁၅ ရက်ကြာ […]

ကန်ချနဘူရီတွင် တရားမဝင် လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

October 3, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂ ရက် ညက စိုင်ယွတ်ဒေသထဲသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာသည်ဟု သတင်းရရှိသဖြင့် ဂိတ်ချစစ်ဆေးနေရာမှ မသင်္ကာဖွယ်ရာ ကားလေးစီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၄၂ ဦး လိုက်ပါလာပြီး အားလုံးတွင် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဆိုသည်။ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ကားမောင်းသမား လေး ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်လာကြပြီး […]

ပတ္တယားတွင် မြန်မာအုပ်စုအချင်းချင်း ဓါးများဖြင့်ခုတ်၊ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

Dawei Watch

October 2, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေတွင် မြန်မာနိုင်ငံသားအချင်းချင်း ဓါးခုတ် ရန်ဖြစ်ခဲ့ရာမှ ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက တောင်ပိုင်းပတ္တယားလမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသား အုပ်စုများကြား ဓါးများနှင့်အတူ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်သောနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် ရင်ဘတ်တွင် ဓါးထိုးဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာနိုင်ငံသားတစ်ဦး၏ အလောင်းကို တွေ့ရကြောင်း သတင်းများအရ သိရသည်။ အလောင်းနှင့် ၁၀ မီတာခန့်အကွာတွင် လူသတ်လက်နက်ဟု ထင်ရသည့် ဓါးတစ်လက်ကို တွေ့ရကြောင်း၊ အနီးတွင် နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦးလည်း သေဆုံးနေပြီး နောက်ကျောတွင် ဓါးထိုးဒဏ်ရာ နှစ်ချက် ရှိနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။ နောက်ထပ် အသက် ၂၀ […]

ထိုင်းတွင် မြစ်ထဲ လေးနာရီကြာ မျောပါနေသော ထိုင်းအမျိုးသမီးကို မြန်မာနိုင်ငံသား ကယ်တင်

Dawei Watch

October 2, 2025

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်ရှိ မဲကလောင်မြစ်ထဲတွင် လေးနာရီခန့်အကြာ မျောပါနေသော ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာအမျိုးသားတစ်ဦးက ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်က အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးသည် မဲကလောင်မြစ်ထဲတွင် လေးနာရီခန့်ကြာအောင် ပေါလောပေါ၍ မျောပါနေခဲ့ကြောင်း ဖော်ပြသည်။ သူမပြုတ်ကျခဲ့သောနေရာနှင့် သုံးကီလိုမီတာခန့်အကွာအထိ မျောပါလာခဲ့ပြီးနောက် မြစ်ကမ်းဘေးတွင် အလုပ်လုပ်နေသော အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားက အော်သံကြားသဖြင့် သွားရောက်ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ညဘက်အချိန် မြစ်ထဲမှ ကယ်တင်ပေးရန်အတွက် အမျိုးသမီးတစ်ဦး၏ ငိုသံကို ကြားမိသဖြင့် သရဲခြောက်သည်ဟု ကနဦး ထင်မြင်မိကြောင်း မြန်မာနိုင်ငံသားက ပြောဆိုထားသည်။ သွားရောက်ကြည့်ရှုခဲ့ရာမှ အမျိုးသမီးတစ်ဦး ငါးဖမ်းလှေကြိုးပေါ်တွင် တွယ်ကပ်၍ ပေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ […]

ထိုင်းတောင်ပိုင်းတွင် မြန်မာဆယ်ကျော်သက်သုံးဦးကို ပွဲစားက စွန့်ပစ်

Dawei Watch

October 1, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင်တွင် အလုပ်လုပ်ရန်အတွက်လာသော မြန်မာနိုင်ငံသား ဆယ်ကျော်သက်သုံးဦးကို ပွဲစားက စွန့်ပစ်ခဲ့သဖြင့် နီးစပ်ရာ အကူအညီတောင်းခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားသုံးဦးသည် တုန်လှုပ် ငိုယိုနေသည့်ပုံစံဖြင့် ဆီဆိုင်တစ်ဆိုင်ထဲ ဝင်လာပြီး ဝန်ထမ်းများထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၁၃ နှစ်၊ ၁၅ နှစ်နှင့် ၁၈ နှစ်အရွယ်များဖြစ်ကြသည့် ၎င်းတို့သုံးဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ပွဲစားကို တစ်ဦးလျှင် ဘတ် နှစ်သောင်းစီ ပေးချေထားပြီးဖြစ်ကြောင်း ဆိုသည်။ မည်သည့်အလုပ် လုပ်ရမည်ကိုလည်း မသိဘဲ ဘန်ကောက်မှတစ်ဆင့် ပွဲစားခေါ်ဆိုထားသည့် ဖတ်ထလူခရိုင်သို့ အဝေးပြေးဘတ်စ်ကားဖြင့် လိုက်ပါလာခဲ့ကြောင်း ဖော်ပြသည်။ လမ်းတွင် ပွဲစားနှင့်အဆက်အသွယ်ရရှိပြီး ၎င်းတို့သုံးဦးရောက်ရှိနေသည့် ဆီဆိုင်တွင် ဆင်းရန် ပြောဆိုသဖြင့် […]

မလေးရှားသွားမည်သူများအပါအဝင် တရားမဝင် ဝင်လာသော မြန်မာ ၉၀ နီးပါး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

September 30, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မလေးရှားနိုင်ငံသို့ သွားမည့်သူများအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၉၀ နီးပါး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ စက်တင်ဘာ ၃၀ နံနက် ၁ နာရီခန့်တွင် ကားလေးစီးဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြားစောင့်တပ်များက လမ်းတွင် စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကားလေးစီးသည် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန် တောလမ်းအတိုင်း မောင်းလာသော်လည်း နယ်ခြားစောင့်တပ်က သတင်းကြိုတင်ရရှိထားသဖြင့် လမ်းပိုင်တွင် ပုန်းခို၍ စောင့်ဆိုင်နေခဲ့ကြခြင်းဖြစ်သည်။ ကားများလာစဉ် အာဏာပိုင်များက တားဆီးစစ်ဆေးခဲ့သော်လည်း မောင်းပြေးခဲ့သေးသဖြင့် နောက်က လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကားလေးစီးလုံးကို ဖမ်းမိသော်လည်း ကားသမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ထိုင်းကားသမားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ပစ်ကပ်ကား သုံးစီးပေါ်တွင် ကုန်ပစ္စည်းများအောက်၌ ပုန်း၍ လိုက်ပါလာသော မြန်မာနိုင်ငံသား […]

ထိုင်း Cal-Comp စက်ရုံက မြန်မာလုပ်သား ၁၄၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

Dawei Watch

September 30, 2025

ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင် Cal-Comp လျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား ၁၄၀၀ ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရကြောင်း စက်ရုံရှိ မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းတွင် စက်ရုံသို့ မြန်မာအလုပ်သမားများ အလုပ်ဝင်ရောက်လာစဉ် စက်ရုံ တာဝန်ရှိသူများက စာရွက်တွင် လက်မှတ်ထိုးရန် အပြင်သို့ တန်းစီးခေါ်ထုတ်ခဲ့ပြီး ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် မည်သည့်စာရွက်မှန်းမသိရဘဲ လက်မှတ်ထိုးလိုက်ရပြီး လက်မှတ်ထိုးပြီးမှသာ အလုပ်ထုတ်သည့်စာရွက် ဖြစ်နေသည်ကိုသိရှိခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။ စက်ရုံဘက်က အမှာအော်ဒါနည်းပါးလာသဖြင့် စီးပွားရေးကျဆင်းလာ၍ အလုပ်သမားများကို အလုပ်ထုတ်ခြင်းဖြစ်ကြောင်း အကြောင်းပြ၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။ “ဘာဆိုတာ မသိရဘူး။ အတင်းလက်မှတ်ထိုးခိုင်းပြီးမှ […]

ချင်းမိုင်တွင် လုပ်အားခ ဘတ် ၁၄ သိန်းကျော် အလုပ်ရှင်ကမပေး၍ မြန်မာလုပ်သားများ အခက်တွေ့

Dawei Watch

September 29, 2025

ထိုင်းနိုင်ငံမြောက်မိုင်း ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၁၄ သိန်းကျော် မရသဖြင့် အခက်အခဲဖြစ်နေကြကြောင်း ကူညီဖြေရှင်းပေးနေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၈ ဦးသည် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအောက်တွင် အလုပ်လုပ်ကိုင်နေရင်း ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လမှစ၍ လုပ်အားခအပြည့်မရတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်ရှင်ဖြစ်သူက မြန်မာအလုပ်သမားများကို လစာငွေ အပြည့်မပေးတော့ဘဲ တစ်နှစ်ကျော်လာသည်အထိ ချေးငွေသဘောမျိုးဖြင့် ဘတ် ၅၀၀၊ ၁၀၀၀ ခန့်သာ ထုတ်ပေးနေခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယခုနှစ် စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်နှစ်ကျော်စာ မြန်မာအလုပ်သမားများ၏ လုပ်အားခများကို အလုပ်ရှင်က […]