ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်တွင် မြန်မာလုပ်သား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါးမရ

Dawei Watch

September 17, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါး မရသဖြင့် ကူညီဆောင်ရွက်ပေးနေရကြောင်း WAG မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်ကောက်မြို့ ခေဒီကုမ္ပဏီ ဆောက်လုပ်ရေးဆိုဒ်များရှိ မြန်မာအလုပ်သမားများသည် ပြီးခဲ့သော ဇွန်လနောက်ပိုင်းမှစ၍ လုပ်အားခများ ပုံမှန် ရရှိခြင်းမရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ ယခုစက်တင်ဘာလတွင် လုပ်အားခ နှစ်လစာအထိ အလုပ်ရှင်က ရှင်းပေးခဲ့ခြင်းမရှိသဖြင့် ကူညီဖြေရှင်ပေးရန် WAG အဖွဲ့ကို စက်တင်ဘာလ ၁၆ ရက်နေ့က အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ မြန်မာအလုပ်သမား ၆၀၀ ဦးအနက် အမျိုးသားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ကျော်စီနှင့် အမျိုးသမီးများတွင် တစ်ဦးလျှင် ဘတ် ၁၁၀၀၀ ကျော်စီ လုပ်အားခ ရရန်ရှိနေပြီး […]

ကန်ချနဘူရီမှာ တရားမဝင် ဝင်လာ တဲ့ မြန်မာ ၁၆၀ ကျော် ထပ်မံဖမ်းဆီးခံရ

Dawei Watch

September 16, 2025

ကန်ချနဘူရီမှာ တရားမဝင် ဝင်လာ တဲ့ မြန်မာ ၁၆၀ ကျော် ထပ်မံဖမ်းဆီးခံရ

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၆၀ ကျော် ထပ်မံဖမ်းဆီးခံရ

Dawei Watch

September 16, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၆၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ထိုးဖားဖမ်းဒေသ၌ ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများကို နှစ်ကြိမ်အထိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက်က ပထမအကြိမ် ဖမ်းဆီးရာတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။ ၎င်းတို့ကို ပို့ဆောင်လာသော ထိုင်းကားသမားများမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့မှ လာရောက်ကြပြီး ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် စန်ခရာဘူရီ ဒေသထဲသို့ တရားမဝင် […]

ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရဖို့ရှိဟု ထိုင်းဗဟိုဘဏ်ဆို၊ ဘဏ်အကောင့်ဖွင့်ထားသူများ စိုးရိမ်မှုမြင့်တက်

Dawei Watch

September 15, 2025

ထိုင်းနိုင်ငံအတွင်း အွန်းလိုင်းငွေကြေးလိမ်လည်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့နှင့် ဆက်စပ်နေသော ဘဏ်အကောင့်များကို စုံစမ်းစစ်ဆေးနေသဖြင့် ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က စက်တင်ဘာလ ၁၃ ရက်နေ့က သတိပေးထားသည်။ အွန်းလိုင်းငွေလိမ်ခံရသူများအတွက် ဆုံးရှုံးသွားသော ငွေများ ပြန်လည်ရယူနိုင်ရေးနှင့် ငွေလိမ်အကောင့်များကို ခြေရာခံနိုင်ရေး သက်ဆိုင်ရာဘဏ်လုပ်ငန်းများနှင့် ထိုင်းဗဟိုဘဏ်က ပူးပေါင်းကာ အွန်လိုင်းငွေကြေးလိမ်လည်မှု ပပျောက်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး Daranee Saeju က ပြောသည်။ လက်ရှိတွင် ငွေလိမ်အကောင့်များနှင့် ငွေအလွှဲအပြောင်း ဆက်စပ်မှုရှိနေသော ဘဏ်အကောင့်များစွာကိုလည်း ပိတ်ပင်ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။ အပိတ်ခံရသော ဘဏ်အကောင့်များနှင့် ပက်သက်၍ ငွေအလွှဲအပြောင်း သက်သေအချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ငွေများကိုလည်း ပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်ပေးနိုင်ရေးနှင့် အကောင့်များ ပြန်လည်ရရှိရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။ စုံစမ်းစစ်ဆေးနေဆဲကာလအတွင်း […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၇၀ ဖမ်းဆီးခံရ

Dawei Watch

September 15, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်က စန်ခရာဘူရီဒေသ နောလူရွာအနီးရှိ ခြံထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာပြီး ပုန်းနေကြကြောင်း သတင်းရရှိသဖြင့် ထိုင်းနယ်ခြားစောင့်တပ်က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၇၀ ဦးရှိပြီး အားလုံးတွင် ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့် အထောက်အထား စာရွက်များ မတွေ့ရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မန္တလေးဒေသများမှ လာရောက်ကြပြီး ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း […]

ထိုင်းသို့ တရားမဝင်ဝင်လာသော မြန်မာများ တင်လာသည့် လှေမှောက်ပြီး မြန်မာ ၃ ဦး၏ အလောင်းတွေ့

Dawei Watch

September 13, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လှေမှောက်သဖြင့် ၃ ဦး သေဆုံးခဲ့ရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့က စန်ခရာဘူရီဒေသရှိ ဝချီရာလောင်ကွန်း ရေလှောင်ကန်ထဲတွင် မြန်မာနိုင်ငံသား ၃ ဦး၏ အလောင်းကို တွေ့ရှိရသည်ဟု သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးရှိပြီး အလောင်းများသည် ရေလှောင်ကန်ထဲတွင် ပေါလောပေါ်နေသည်ကို တွေ့ရှိခဲ့သဖြင့် ကမ်းပေါ်သို့ ဆယ်ယူခဲ့ရဟုဆိုသည်။ ပြီးခဲ့သော စက်တင်ဘာလ ၉ ရက်နေ့ညက မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာကြပြီး ကန်အတွင်း လှေဖြင့်သွားစဉ် သစ်ပစ်ငုတ်နှင့် တိုက်မိပြီး လှေမှောက်ခဲ့ခြင်းဖြစ်ကြောင်း […]

ကော့ဖငန်းတွင် မူးယစ်ဆေးပြားများနှင့်အတူ မြန်မာလူငယ်နှစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

September 12, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးပြားများနှင့်အတူ မြန်မာလူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၀ ရက်နေ့က ကော့ဖငန်းကျွန်းရှိ နံပါတ်မရှိသော အိမ်တစ်ဆောင်တွင် မြန်မာလူငယ်များက မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် မောင်အောင်ပြည့်ဌေးနှင့် အသက် ၂၂ နှစ်အရွယ် မောင်လပြည့်အောင်တို့ ဖြစ်ကြပြီး ၎င်းတို့နှင့်အတူ WY မူးယစ်ဆေးပြား ၁၈ ပြားကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါအိမ်တွင် မြန်မာလူငယ်များ နေ့စဉ်လာရောက်စုဝေးကြပြီး မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးချိန်တွင် မြန်မာလူငယ်နှစ်ဦးသည် အိမ်နောက်က ပိန်းပင်တောထဲ ထွက်ပြေးပုန်းရှောင်ခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။ […]

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသားကြိတ်စက်ထဲ လက်ဝင်သွားပြီး လက်ချောင်းများထိခိုက်

Dawei Watch

September 12, 2025

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အလုပ်လုပ်နေရင်း အသားကြိတ်စက်ထဲသို့ လက်တစ်ဖက်ဝင်သွားခဲ့သဖြင့် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး လက်ချောင်းများ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်ဘိုဝါထွန်းဒေသရှိ ဝက်သားဆိုင်ထဲတွင် အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် အလုပ်လုပ်နေရင်း အသားကြိတ်စက်ထဲသို့ လက်ပါသွား၍ စက်ထဲ လက်ညှပ်သွားကြောင်း သတင်းတွင်ပါရှိသည်။ မြန်မာအမျိုးသမီး၏ အော်သံကို အခြားလုပ်ဖော်ကိုင်ဖက်များက ကြားခဲ့ရပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များကို ချက်ချင်း အကူအညီတောင်းခံခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက အသားကြိတ်စက်၏ အစိတ်အပိုင်းများကို တစ်ခုချင်းစီ ဖယ်ရှားပေးခဲ့ရပြီး မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် မြန်မာအမျိုးသမီးကို ကယ်တင်နိုင်ခဲ့သည်။ မတော်တဆမှုကြောင့် အမျိုးသမီး၏ ဘယ်ဘက် လက်ချောင်း ၅ ချောင်းစလုံးမှာ ပုံစံပျက်ယွင်းသွားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ကယ်ဆယ်ပြီးချိန်တွင် မြန်မာအမျိုးသမီးသည် […]