ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

တာခ့်တွင် တရားမဝင် ဝင်လာသော မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်နေ

Dawei Watch

September 4, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းက တာခ့်မြို့ရှိ အမြန်လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာ အလုံပိတ်ကားနှစ်စီးကို တွေ့ရသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ပထမကားကို စစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၀ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ဒုတိယကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၁ ဦးကိုလည်း […]

မလေးရှားတွင် မြန်မာ ၂၃၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

September 3, 2025

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၃၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ စက်တင်ဘာလ ၂ ရက် ည ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိ ပြုလုပ်ခဲ့သော ဘူကစ်ဘင်တန်ရှိ တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်တွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၇၇၀ ဦးကို မလေးရှားလဝကအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၂၃၅ ဦး၊ ဘင်္ဂလားဒေရှ့် ၃၇၇ ဦး၊ နီ‌ပေါ ၇၂ ဦး၊ အိန္ဒိယ ၅၈ ဦး၊ အင်ဒိုနီးရှား ၁၉ ဦးနှင့် အခြားနိုင်ငံသား ၉ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် တရားဝင် […]

ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာ ၆ ဦး WY ဆေးပြားတွေနဲ့အတူ အဖမ်းခံရ

Dawei Watch

September 3, 2025

ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာ ၆ ဦး WY ဆေးပြားတွေနဲ့အတူ အဖမ်းခံရ

ထိုင်းတွင် ATM စက်များကို ဖျက်ဆီးသည်ဟုဆိုကာ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 2, 2025

ထိုင်းနိုင်ငံ၊ ချာချင်စောင်ခရိုင်ရှိ ATM ငွေထုတ်စက်များကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၈ရက် နံနက် ၇နာရီခွဲက ချာချင်စောင်မြို့ ဈေးဧရိယာရှိ ကရူထိုင်းဘဏ်၊ ဘန်ကောက်ဘဏ်နှင့် SCB ဘဏ်များ၏ ATM ငွေထုတ်စက်များကို လူတစ်ဦးက ဆိုင်ကယ်ဖြင့်လာရောက် ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံစစ်ဆေးရာ စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အသက် ၃၉ နှစ်အရွယ် ကိုသည်းမောင်အမည်ရှိ မြန်မာနိုင်ငံသားကို ချာချင်စောင်မြို့ရှိ သူငယ်ချင်းဖြစ်သူ၏ အခန်းထဲတွင် ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ဖမ်းမိကြောင်း ဆိုသည်။ အရက်မူးနေသဖြင့် ATM စက်များကို ဖျက်ဆီးခဲ့ခြင်းသည်ဟု ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုခဲ့ကြောင်း […]

ကော့ဖငန်းကျွန်းတွင် မြန်မာ ၆ ဦးကို WY ဆေးပြားများနှင့်အတူ ဖမ်းမိဟုဆို

Dawei Watch

September 2, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါးအမှုနှင့် ပက်သက်၍ ကွင်းဆက်ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဩဂုတ်လ ၃၁ ရက်နေ့က ထွန်စရာဒေသတွင် အသက် ၂၈ နှစ်အရွယ် ကိုထွန်းလူအမည်ရှိ မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ကျွန်းပေါ်က မူးယစ်ဆေးဝါး သုံးစွဲနေသော မြန်မာနိုင်ငံသားများကို ခြေရာခံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကိုထွန်းလူကို ဖမ်းဆီးခဲ့စဉ် WY မူးယစ်ဆေးပြား ၁၂ ပြားနှင့်အတူ အမျိုးသမီး အတွင်းခံများကိုလည်း တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ကဲ့သို့ အထောက်အထားမရှိသေးပဲ တရားမဝင် ဝင်လာသူဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကိုထွန်းလူက တစ်လုံး ဘတ် ၅၀ နှုန်းဖြင့် မူးယစ်ဆေးပြား ၁၅ ပြားကို အခြားမြန်မာနိုင်ငံသား […]

ကားထားပြီး ယာဉ်မောင်းထွက်ပြေးသွား၍ တရားမဝင် ဝင်လာသော မြန်မာ ၃၉ ဦးကို ထိုင်းရဲဖမ်းမိ

Dawei Watch

September 2, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၉ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၂) နံနက် ၆ နာရီခွဲခန့်တွင် ထိုးဖားဖမ်းဒေသထဲသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးခဲ့သည်။ ယင်းအချိန် မသင်္ကာစရာ ကားနှစ်စီးကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားသမားနှစ်ဦးက လမ်းကြောင်းခွဲ၍ မောင်းပြေးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားသမားနှစ်ဦးကို လမ်းဘေးတွင် ကားထိုးရပ်ခဲ့ပြီး ထွက်ပြေးသွားသဖြင့် ကားပေါ်တွင်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၉ ဦးကိုဖမ်းမိခဲ့ကြောင်း၊ အားလုံးတွင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရကြောင်း […]

ချင်းမိုင်တွင် ထိုင်းကျောင်းသားများကို ဓားဖြင့် ခုတ်သည်ဆိုပြီး မြန်မာငါးဦး ဖမ်းဆီးခံရ

Dawei Watch

September 1, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသားများကို ဓားဖြင့် ခုတ်ခဲ့သည်ဆိုပြီး မြန်မာနိုင်ငံသားငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၉ ရက် နံနက် ၃ နာရီခန့်တွင် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကျောင်းသားအုပ်စုက ချင်းမိုင်မြို့ ဝရွန်းရော့ဈေးရှေ့ တံတားအနီးတွင် ထိုင်နေစဉ် ဓားဖြင့် အခုတ်ခံခဲ့ရကြောင်း ဖော်ပြသည်။ ထိုင်းကျောင်းသားများသည် တံတားအနီးတွင် ထိုင်နေစဉ် မြန်မာလူငယ်အုပ်စုက ဆိုင်ကယ်ဖြင့်လာပြီး ၎င်းတို့အုပ်စုကို ဓားဖြင့် ခုတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ဒဏ်ရာရရှိသူ၏ ရဲတပ်ဖွဲထံ ထွက်ဆိုထားကြောင်း ဖော်ပြသည်။ အဆိုပါဖြစ်ရပ်၌ ထိုင်းကျောင်းသား ခြောက်ဦးတွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း ဖော်ပြသည်။ ထိုင်းကျောင်းသားများက မြန်မာ လူငယ်အုပ်စုနှင့် ရန်ငြိုးလည်း မရှိသလို သိကျွမ်းခြင်းလည်းမရှိကြောင်း ဖြေကြားထားသည်။ အဆိုပါလူငယ်အုပ်စုသည် ဓါးဖြင့် […]

ထိုင်းသို့ တရားမဝင် လာသော မြန်မာများ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရ

Dawei Watch

August 28, 2025

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ နယ်စပ်ဒေသများတွင် နေ့စဉ်နီးပါး ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းဌာနများနှင့် ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ သောင်ရင်းမြစ်အနီးတွင် ပစ်ကပ်ကားသုံးစီးနှင့်အတူ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၆ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသား ကားသမား သုံးဦးလည်း ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးခံရသည်။ မြန်မာနိုင်ငံသားများသည် သောင်ရင်းမြစ်မှတစ်ဆင့် မဲဆောက်ဒေသထဲသို့ တရားမဝင် ဝင်လာပြီး ကားသမားများက ဖို့ဖရာ့ဒေသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် […]