ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ
Dawei Watch
August 22, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၂ရက် နံနက်ပိုင်းက စန်ခရာဘူရီဒေသ နော့လူရွာထဲတွင် ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နံနက် ၂နာရီခန့်တွင် နော့လူရွာရှိ မြစ်ကမ်းဘေး၌ ထိုင်စောင့်နေကြသော မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး စမွတ်စခွန်ခရိုင်သို့ သွားရောက်လုပ်ကိုင်ရန်အတွက် ပွဲစားကို ဘတ် ၁၅၀၀၀ ပေးချေပြီး ဝင်ရောက်လာကြကြောင်း ဆိုသည်။ နံနက် ၄နာရီခန့်တွင်လည်း နော့လူရွာ စစ်ဆေးရေးဂိတ်အနီး လမ်းလျှောက်လာသော မြန်မာနိုင်ငံသား ရှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် ဘန်ကောက်မြို့သို့ သွားရောက်ရင် […]


