ထိုင်းနိုင်ငံသားက မြန်မာလုပ်သားများကို သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ
Dawei Watch
June 20, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖပဲဒဲန်ဒေသ ဘန်းကစိုနေရာတွင် ဇွန်လ ၁၈ ရက် ညက မြန်မာအလုပ်သမားများသည် နေထိုင်ရာ အခန်းများရှေ့ အတူဝိုင်းဖွဲ့ စားသောက်၍ စကားပြောနေကြစဉ် ထိုင်းနိုင်ငံသားက အခန်းတွဲရှေ့သို့ လာရောက်ပြီး သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် မဝေဝေလွင်နှင့် အသက် ၁၈ နှစ်အရွယ် မောင်ရန်ပိုင်တို့နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးစဉ် မဝေဝေလွင်သည် လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ သေနတ်ပစ်ခတ်သူသည် အသက် […]


