ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ကန်ချနဘူရီတွင် အလှပြင်ဆိုင်ဖွင့်ထားသည်ဆိုကာ မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

June 9, 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဆံပင်ညှပ်ဆိုင်အပါအဝင် အလှပြင်ဆိုင်များဖွင့်ထားသည်ဟုဆိုကာ မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီခရိုင်ထဲတွင် မြန်မာနိုင်ငံသားများ အလှပြင်ဆိုင် ဖွင့်ထားသည်ကို ဆိုရှယ်မီဒီယာများပေါ် ကြော်ငြာနေသည်ဟု တိုင်ကြားမှုရရှိလာသဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များ ထာ့မကားဒေသရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲ ဝင်စစ်သောအခါ မြန်မာနိုင်ငံသားအချင်းချင်း ဆံပင်ပြုပြင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ဆိုင်တွင် လုပ်ကိုင်နေသော အသက် ၂၀ နှစ်အရွယ် ကိုထက်မောင်မောင်လင်းနှင့် အသက် ၂၉ နှစ်အရွယ် မသန်းသန်းမိုးတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းဆိုင်အနီး နောက်တစ်ဆိုင်တွင် အသက် ၃၀ နှစ်အရွယ် ကိုသက်ပိုင်စိုးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း […]

မြန်မာတွေဝင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက LGBTQ+ တို့ရဲ့ အထိမ်းအမှတ်ပွဲ

Dawei Watch

June 8, 2025

မြန်မာတွေဝင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက LGBTQ+ တို့ရဲ့ အထိမ်းအမှတ်ပွဲ

ချင်းမိုင်တွင် ကြောင်ကို ရေမြောင်းထဲ ကန်ချခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 7, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အိပ်နေသော ကြောင်တစ်ကောင်ကို ရေမြောင်းထဲ ကန်ချခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန်လ ၆ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ဖမ်းဆီးခံရသူသည် အသက် ၁၉ နှစ်အရွယ် ကိုကျိုင်စိုင်းအမည်ရှိ မြန်မာနိုင်ငံသားဖြစ်သည်။ ပြီးခဲ့သော ဇွန်လ ၁ ရက်နေ့ မနက် ၂ နာရီခန့်က ကိုကျိုင်စိုင်းအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးသည် ရေမြောင်းဘေး လမ်းလျှောက်လာစဉ် လမ်းဘေးအိပ်နေသော ကြောင်တစ်ကောင်ကို ကိုကျိုင်စိုင်းက ရေမြောင်းထဲသို့ ကန်ချလိုက်သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ယင်းဖြစ်စဉ်ကို CCTV မှတ်တမ်းတွင် ရိုက်မိထားပြီး ထိုင်းနိုင်ငံသား ကြောင်ပိုင်ရှင်က Facebook ပေါ်သို့ တင်လိုက်ရာမှ လူအများကြား ဝေဖန်မှုများ မြင့်လာခြင်းဖြစ်သည်။ ကြောင်သည် နှစ်နှစ်သားအရွယ်ရှိပြီး ကြောင်ပိုင်ရှင်က ဇွန်လ […]

ကော့စမွေတွင် ဆိုင်ကယ်ခိုးသည်ဆိုသော မြန်မာစုံတွဲ ဖမ်းဆီးခံရ

Dawei Watch

June 7, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် ဆိုင်ကယ်ခိုးယူသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား လင်မယားနှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၄ နှစ်အရွယ် ကိုလမင်းနှင့် အသက် ၂၅ နှစ်အရွယ် မချစ်နှင်းအိစံတို့ဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာ ဘိုဖွတ်ဒေသရှိ အခန်းထဲတွင် သက်သေများနှင့်အတူ ဇွန်လ ၆ ရက်နေ့ ညနေက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လ ၃ ရက်နေ့ညက ထိုင်းနိုင်ငံသားတစ်ဦးသည် ဆိုင်ကယ်ကို အိမ်အပြင်တွင် ရပ်ထားခဲ့ပြီးနောက် မနက်မိုးလင်း အိပ်ယာက နိုးသောအခါ ဆိုင်ကယ်ပျောက်သွားသဖြင့် ဘိုဖွတ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည်။ ရဲတပ်ဖွဲ့က အနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးရာ အမျိုးသား၊ အမျိုးသမီးနှစ်ဦး Honda scoopy ပန်းရောင်ဆိုင်ကယ်ကို ခိုးယူတွန်းသွားခဲ့ပြီး […]

ထိုင်း-မြန်မာနယ်စပ်တွင် အလုံပိတ်ကားပေါ် လိုက်ပါလာသော မြန်မာ ၄၀ ဦး ဖမ်းဆီးခံရ

Dawei Watch

June 7, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားပေါ် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၄၀ ဦးကို ယနေ့ နံနက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၆ နာရီခန့်တွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက ထိုးဖားဖမ်းဒေသတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းအချိန် မသင်္ကာစရာ အလုံပိတ်ကားတစ်စီး ရောက်လာသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၀ ဦးနှင့်အတူ ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများကို စစ်ဆေးစဉ် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံသားများကို နယ်စပ်ကတစ်ဆင့် အမြန်လမ်းမကြီးအတိုင်း ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကန်ချနဘူရီမြို့ထဲ ပို့ဆောင်ပေးရမည်ဖြစ်ကာ ပို့ဆောင်ခ ဘတ် ၄၀၀၀ ရရှိခဲ့ကြောင်း ကားသမား၏ […]

ချွန်ဘူရီတွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်

Dawei Watch

June 5, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓါးထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၃ ရက်နေ့ ည ၉ နာရီခန့်က ဖန်ထောဒေသရှိ ကွေ့တီယိုဆိုင်ထဲတွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ဓါးထိုးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကျော်ကျော်မင်းအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဝမ်းဗိုက်တွင် ဓါးထိုးသွင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ မြန်မာနိုင်ငံသား၏ ဝမ်းဗိုက်ထဲမှ အူများ ထွက်နေသည်ကို တွေ့ရှိခဲ့ရပြီး သတိရှိနေသေးသဖြင့် အရေးပေါ်ကုသမှုပေးကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အခင်းဖြစ်သောနေ့တွင် မြန်မာနိုင်ငံသား ၃ ဦး ကွေ့တီယိုဆိုင်ထဲ ရောက်ရှိလာပြီး အချင်းချင်း စကားပြောနေခဲ့ကြောင်း ရုတ်တရက် ရန်ဖြစ်ခဲ့ကြရာမှ ဓါးထုတ်၍ထိုးခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်က ဖြေကြားထားသည်။ ဓါးထိုးသူအပါအဝင် မြန်မာနိုင်ငံသား […]

မဟာချိုင်တွင် ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချသေဆုံး

Dawei Watch

June 4, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသ၊ နေဝပ် ၄ လမ်းရှိ တိုက်ပေါ်မှ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဇွန်လ ၃ ရက် ညက ခုန်ချသေဆုံးကြောင်း မဟာချိုင်ဒေသရှိ ရွှေ့ပြောင်းမြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။ သေဆုံးသူသည် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ကဖြစ်ပြီး ထိုင်းနိုင်ငံတွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည် ။ “၅ ထပ်တိုက်မှာ ၄လွှာကနေ ခုန်ချလိုက်တာ။ ခုန်ချလိုက်တာ သူ့အမေလည်း မြင်တယ်။ ချက်ချင်းဆိုတော့ ဆွဲမမီတော့ဘူး။ သူ့အမေလည်း ဆင်းပြေးပြီး အကူအညီတောင်းသေးတယ်။ ၄ လွှာကနေ ပြုတ်ကျတော့ အသက်မမီတော့တာပါ” ဟု ဖြစ်စဥ်အနီးရှိခဲ့သည့် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောဆိုသည်။ တိုက်ပေါ်မှပြုတ်ကျသဖြင့် ဘယ်ဘက်ခြေထောက်ကျိုးသွားပြီး အပြင်းအထန်ဒဏ်ရာရခဲ့ကာ ပြုတ်ကျပြီး မိနစ်ပိုင်း အကြာတွင် […]

မဟာချိုင်တွင် မြန်မာလုပ်သားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

Dawei Watch

May 31, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ရထားလာနေစဉ် ရထားလမ်းကို ဖြတ်ကူးသော ကားပေါ်မှ မြန်မာနိုင်ငံသားများ ခုန်ချထွက်ပြေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး ရထားနှင့်တိုက်မိ၍ သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြန်မာအလုပ်သမား ခြောက်ဦးလိုက်ပါလာသော ကားတစ်စီးသည် ရထားလမ်းအနီးကို ဖြတ်မောင်းလာခဲ့ခြင်းဖြစ်သည်။ ကားလာသောအချိန်သည် ဘန်ကောက်-မဟာချိုင်ပြေးဆွဲနေသော ရထားလာနေသည့်အချိန်ဖြစ်ပြီး ကားကလည်း မရပ်ပဲ ရထားလမ်းကို ဖြတ်မောင်းခဲ့သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ကားက မရပ်ပေးပဲ ရထားလာနေသည့်အချိန် ဖြတ်မောင်းခဲ့သဖြင့် မြန်မာအလုပ်သမားများက ထိတ်လန့်၍ ကားပေါ်မှ ဘေးလွတ်ရာ ခုန်ချခဲ့ကြစဉ် ၅ ဦး လွတ်မြောက်ခဲ့သည်။ ယင်းအချိန် အသက် ၂၈ နှစ်အရွယ် မဖြူဖြူသည် ကားပေါ်မှ ခုန်ချချိန်တွင် ရထားလမ်းပေါ်ကျပြီး […]