ထိုင်းရောက် မြန်မာများအတွက် CI စာအုပ်သက်တမ်းတိုးစခန်းများ ဇွန်လထဲတွင် ဖွင့်မည်
Dawei Watch
May 30, 2025ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို လာမည့် ဇွန်လထဲ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ထားသော မြန်မာအလုပ်သမားများသည် တရားဝင် နေထိုင်သွားလာခွင့်အတွက် နိုင်ငံကူးလက်မှတ်စာအုပ်တွင် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြု၍ နေထိုင်လုပ်ကိုင်ကြရသည်။ နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) မရှိသော မြန်မာအလုပ်သမားများသည် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းနိုင်ရန် CI စာအုပ်ကို သက်ဆိုင်ရာ CI စခန်းများ ဖွင့်လှစ်ပေးချိန်တွင် ပြုလုပ်ရခြင်းဖြစ်သည်။ ယင်း CI စာအုပ်များသည် အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာသက်တမ်းတိုးချိန်တွင် သက်တမ်း အနည်းဆုံး ၆ လကျန်ရှိရမည် ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် CI စာအုပ်သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမားများအတွက် လာမည့်ဇွန်လထဲတွင် […]


