ဘန်ကောက်အနီး ကာရာအိုကေဆိုင်တွင် လုပ်ကိုင်နေသော မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Dawei Watch
May 20, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီမြို့ရှိ ကာရာအိုကေဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၇ ဦး ယနေ့ မေလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နွန်ထဘူရီမြို့ ဘန်းကရာစိုဒေသရှိ နွန်းဘိုင်ဖိန်းကာရာအိုကေဘားကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းစဉ် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ဟုဆိုသည်။ ယင်းကာရာအိုကေသည် ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံခြားသားများကြား နာမည်ကြီး ရေပန်းစားပြီး နိုင်ငံခြားသား အမျိုးသမီး အများစု လုပ်ကိုင်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ထိုင်းလဝကရဲတပ်ဖွဲ့က အသွင်ယူစုံစမ်းထောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကာရာအိုကေထဲ ဝင်သွားသောအခါ နိုင်ငံခြားသား အမျိုးသမီးများက ဧည့်သည်များကို ထိုင်စကားပြောခြင်း၊ သီချင်းဆိုခြင်းများဖြင့် ဝန်ဆောင်မှုပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ဟုဆိုသည်။ ယင်းအလုပ်အကိုင်များက ထိုင်းအလုပ်သမားဥပဒေများကို ချိုးဖောက်နေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ရဲတပ်ဖွဲ့ဝင်က ငွေရှင်းစဉ် အမျိုးသမီးတစ်ဦး ယူလာပေးသော QR […]


