ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

တရားမဝင် အလုပ်လုပ်နေမှုများကို ထိထိရောက်ရောက် အရေးယူမည်ဟု ထိုင်းအစိုးရဆို

Dawei Watch

August 28, 2025

ထိုင်းနိုင်ငံထဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးအရေးယူမှု ပိုမိုလုပ်ဆောင်သွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် ထပ်မံသတိပေးလိုက်သည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် တားမြစ်ထားသော အလုပ်များကို ဝင်လုပ်နေသော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်များကို ထိန်းသိမ်းပေးရန်အတွက် ပိုမိုစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းစက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုနေသော်လည်း တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီး Pongkawin Jungrungruangkit က ပြောသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရှိပါက အလုပ်သမားဝန်ကြီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် 1506 သို့ မည်သူမဆို အကြောင်းကြားနိုင်ပြီး ချက်ချင်း […]

စမွတ်ပရကန်တွင် ကားနှစ်စီးတိုက်မိပြီး မြန်မာတစ်ဦး သေဆုံး

Dawei Watch

August 27, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် ယာဉ်နှစ်စီးတိုက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ (ဩဂုတ် ၂၇) နံနက် ၂ နာရီခန့်က စမွတ်ပရကန်မြို့ ကန်ချနာဖိစေ့အဝေးပြေးလမ်းမကြီးပေါ်တွင် အလုပ်မှပြန်လာသည့် မြန်မာအလုပ်သမားများပါလာသော ဆူဇူကီးအမျိုးအစားယာဉ်ကို ကုန်တင်ကားက အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အသက် ၄၄ နှစ်အရွယ် ကိုကျော်မျိုး‌အောင်အမည်ရှိ မြန်မာနိုင်ငံသားသည် နေရာတွင်ပင် သေဆုံးနေကြောင်း တွေ့ရဟုဆိုသည်။ ကားတိုက်မှုကြောင့် နောက်ထပ် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိထားပြီး ၎င်းတို့အနက် တစ်ဦးမှာ ဦးခေါင်းထိခိုက်ထားသဖြင့် သတိမေ့နေကာ စိုးရိမ်ရကြောင်း သတင်းတွင် ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသပေးပြီး နီးစပ်ရာဆေးရုံများသို့ […]

ထိုင်းနယ်စပ် ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ

Dawei Watch

August 27, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၅နာရီခွဲတွင် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသ၌ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် နယ်ခြားစောင့်တပ်က လမ်းတွင် ဂိတ်ချစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ စစ်ဆေးနေချိန် ကားနှစ်စီးမောင်းလာသဖြင့် အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြရာ ကားကို ရပ်တန့်ခြင်း မရှိဘဲ မောင်းပြေးကြောင်း ဆိုသည်။ အာဏာပိုင်များက နောက်က လိုက်လံစစ်ဆေးရာ ကားနှစ်စီးကို တောထဲရှိ လမ်းဆုံးတစ်နေရာ၌ ရပ်နားထားသည်ကို တွေ့ရပြီး ကားမောင်းသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသားအမျိုးသား ၂၅ဦး၊ အမျိုးသမီး ၁၃ဦး […]

နယ်စပ်ဒုက္ခသည်စခန်းထဲမှ မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအတည်ပြု

Dawei Watch

August 26, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့က ယနေ့ (ဩဂုတ် ၂၆) အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နယ်စပ်ဒေသ ဒုက္ခသည်စခန်းများထဲက မြန်မာနိုင်ငံသားများကို ပထမဆုံးအကြိမ် ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းများထဲက မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းသည် ဒုက္ခသည်အရေး လှုပ်ရှားနေမှုများအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း ဒုက္ခသည်အရေးလှုပ်ရှားနေသူ ထိုင်းနိုင်ငံသား Chawaratt Chawarangkul က Facebook စာမျက်နှာတွင် ရေးသားထားသည်။ “ဒုက္ခသည်တွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မြင်နေတာတွေ မရှိတော့ဘူး။ ဒါက တိုင်းပြည်တိုးတက်ရေးအတွက် အားတစ်ခုဖြစ်တယ်” ဟု Chawaratt Chawarangkul က ရေးသားထားသည်။ ယခု ဒုက္ခသည်စခန်းများထဲက မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းသည် စခန်းတည်ထောင်ပြီး နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ကို ထိုင်းရဲဖမ်းဆီး

Dawei Watch

August 25, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် တောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စန်ခရာဘူရီခရိုင် တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းနယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုင်းစစ်တပ်များ သွားရောက်စစ်ဆေးစဉ် တောထဲ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၁၀၀ ဦးကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများအားလုံးတွင် တရားဝင် နယ်စပ်ဖြတ်သန်းခွင့်နှင့် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရဟုဆိုသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး လှေဖြင့် ခရီးဆက်ခဲ့ကြရာ ယခုနေရာသို့ ရောက်ရန် […]

မဲဆောက်ဈေးတွင် မြန်မာအချင်းချင်း နှစ်ရက်ဆက် ရန်ဖြစ်သဖြင့် ဖမ်းဆီး စစ်ဆေး

Dawei Watch

August 25, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဈေးထဲတွင် မြန်မာနိုင်ငံသားများအချင်းချင်း နှစ်ရက်ဆက်တိုက် ရန်ဖြစ်ပြီးနောက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး ဈေးထဲကိုလည်း စစ်ဆေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၃ရက်တွင် အဆိုပါဈေးထဲ၌ မြန်မာဈေးသည်အချင်းချင်း ရန်ဖြစ်ခဲ့ပြီးနောက် အဆိုပါဖြစ်ရပ် ရုပ်သံသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့ရာမှ လူအများကြား ဝေဖန်ပြောဆိုမှု မြင့်တက်လာကြောင်း သတင်းတွင် ဖော်ပြသည်။ နောက်တစ်ရက် ဩဂုတ်လ ၂၄ရက်တွင်လည်း မြန်မာစျေးသည်များ အချင်းချင်း ရန်ဖြစ်ကြပြီး အဆိုပါရန်ပွဲတွင် တုတ်များ ကိုင်ဆောင်ကာ အုပ်စုလိုက်ပါဝင်လာသဖြင့် ဈေးထဲ ဈေးဝယ်သူများ နည်းပါလာသလို ဈေးဝယ်သူနှင့် ယာဉ်အသွားအလာ များအတွက် ခက်ခဲခဲကြောင်း ဆိုသည်။ ဩဂုတ်လ ၂၄ရက်က ရန်ပွဲတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသားခြောက်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။ […]

ဖူးခက်တွင် မြန်မာလူငယ်များ လက်နက်များကိုင်၍ ဆိုင်ကိုဝင်ဖျက်ဆီးဟု ထိုင်းမီဒီယာများဆို

Dawei Watch

August 25, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် လက်နက်ကိုင်ဆောင်ထားသော မြန်မာလူငယ်များက စားသောက်ဆိုင်တစ်ခုထဲ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန Phuket Times ဖော်ပြသည်။ ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်က ဖူးခက်မြို့ရှိ ကွေ့တီယိုဆိုင်ထဲသို့ မြန်မာလူငယ်များ ဝင်ရောက်လာပြီး ဆိုင်ထဲ ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့ကြောင်း CCTV မှတ်တမ်းများအရ သတင်းတွင် ဖော်ပြသည်။ မြန်မာလူငယ်အဖွဲ့သည် အခြားရန်းငြိုးရှိသောအဖွဲ့တစ်ခုကို လာရောက်ရှာဖွေခြင်းဖြစ်ပြီး အခြားအဖွဲ့ကို မတွေ့ရသဖြင့် ဆိုင်ထဲရှိနေသော ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်‌ကြောင်း သတင်းတွင် ရေးသားထားသည်။ ယင်းအပြင် အဆိုပါလူငယ်အဖွဲ့ထဲက တစ်ဦးက သေနတ်ကဲ့သို့ လက်နက်ကိုလည်း ထုတ်ပြခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာလူငယ်များ ဆိုင်အတွင်း ဝင်ပြီး ဖျက်ဆီးခဲ့သည်ဟု သတင်းထွက်လာပြီးနောက် ထိုင်းနိုင်ငံသားများက သတင်းအောက်တွင် မှတ်ချက်ရာချီ ပေး၍ ဝေဖန်မှုများ မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ […]

နေရပ်ပြန်ပို့ရန် ဖူးခက် လဝကစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအမျိုးသမီး ကြိုးဆွဲချသတ်သေ

Dawei Watch

August 22, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ လဝကထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာအမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့ဝင်များက အသက် ၂၉ နှစ်အရွယ် မထိုက်ဒါလီအမည်ရှိ မြန်မာအမျိုးသမီးကို ယနေ့ (ဩဂုတ် ၂၂) နံနက် ၅ နာရီခန့်က အခန်းထဲ ကြိုးဆွဲချ သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် သူမ၏ ဘောင်းဘီကို အသုံးပြု၍ ထိန်းသိမ်းရေးစခန်းထဲက သံတိုင်တွင် ချည်နှောင်ပြီး ကြိုးဆွဲချသတ်သေခဲ့ကြောင်း CCTV မှတ်တမ်းများကို ကိုးကား၍ ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာအမျိုးသမီးသည် ပြစ်ဒဏ်ကျခံပြီးသွား၍ ဩဂုတ်လ ၁၅ ရက်နေ့က ဖူးခက်အကျဉ်းထောင်မှ လွတ်မြောက်လာသူဖြစ်ပြီး နေရပ်ပြန်ပို့ရန်အတွက် လဝကထိန်းသိမ်းရေးစခန်းသို့ ဩဂုတ်လ ၂၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။ လက်ရှိ ကြိုးဆွဲချသော […]