ကန်ချနဘူရီတွင် ကားတိမ်းမှောက်ပြီး တရားမဝင် ဝင်လာသည့် မြန်မာ ၂၈ ဦး ဖမ်းဆီးခံရ
Dawei Watch
September 29, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက် နံနက် ၂ နာရီခန့်တွင် ထိုးဖားဖမ်းဒေသထဲသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်က ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာကားတစ်စီး မောင်းနှင်လာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ဟုဆိုသည်။ ကားသည် အစစ်အဆေးမခံခဲ့ပဲ မောင်းပြေးခဲ့သဖြင့် နယ်ခြားစောင့်တပ်များက နောက်ကလိုက်လံ ဖမ်းဆီးခဲ့ကြောင်း ယင်းကားကအရှိန်တင် မောင်းပြေးသဖြင့် လမ်းမကြီးအတိုင်း မောင်းလာသော အခြားအိမ်စီးကားတစ်စီး လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့သလို အခြားဆိုင်ကယ်တစ်စီးလည်း တိမ်းမှောက်သွားကြောင်း သိရသည်။ မောင်းပြေးသည့်ကားမှာလည်း ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ပြီး လမ်းဘေးမြောင်းထဲ ပြုတ်ကျ၍ တိမ်းမှောက်သွားခဲ့သည်။ တိမ်းမှောက်ခဲ့သော ကားထဲမှ […]


