ထိုင်းလေဆိပ်တွင် ဒေါ်လာအတုပြသမှုကြောင့် ဖမ်းဆီးခံရသည့်မြန်မာနှစ်ဦး ပြန်လွတ်
diz_admin
September 9, 2022ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်၌ Show Money ပြသရာတွင် ဒေါ်လာအတုကို ပြသသဖြင့် ဖမ်းဆီးခံရပြီး ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြန်လည် လွတ်မြောက်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ထောင်ဒဏ် ၂၅နှစ်ကျခံရမည့် အခြေအနေမှ ထိုင်းရှေ့နေ၊ မြန်မာရှေ့နေတို့၏ အကူအညီဖြင့် လွတ်မြောက်အောင် ချေပနိုင်ခဲ့ပြီး နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအရာရှိရုံးက ယနေ့ မွန်းလွဲ ၃နာရီခန့်က ထုတ်ပြန်သည်။ မည်သည့်နေ့ရက်က လွတ်မြောက်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ ယင်းဖြစ်ရပ်တွင် ဒေါ်လာအတု ပြသသူ လေးဦးပါဝင်ခဲ့ပြီး နှစ်ဦးမှာ လွတ်မြောက်ကာ မေလကုန်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က ဝေယံထူးအေဂျင်စီအတုက လေကြောင်းဖြင့် […]


