ထိုင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး၏ အလောင်းတွေ့
diz_admin
August 24, 2022ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်ပထုန်ခရိုင် စမ်ဖရာန်ဒေသရှိ လမ်ထွန်းကြက်သားစက်ရုံအရှေ့ရှိ လူကူးတံတားပေါ်တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသော အလုပ်သမားတစ်ဦး၏အလောင်းကို တွေ့ရှိရသဖြင့် လမ်းသွားလမ်းလာတစ်ဦးက ဖို့ကယ်ဝ်ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားတွင် ထိုးသွင်းဒဏ်ရာအပါအဝင် ဒဏ်ရာ ၁၀ ချက်ထက်မနည်းရရှိကာ သေဆုံးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ သေဆုံးသူထံတွင် ရှာဖွေရာ ဘတ်ငွေ ၁၈၀ နှင့်အတူ မြန်မာဘာသာဖြင့်ရေးသားထားသော အလုပ်အကိုင်ရှာဖွေရေး ပက်စ်ပို့လုပ်ငန်း ခရီးသွားလုပ်ငန်း စသော စာသားများပါသည့် အထောက်အထားတစ်ခု တွေ့ရှိရသဖြင့် မြန်မာအလုပ်သမားဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု ဖော်ပြထားသည်။ သေဆုံးသူမှာ အသက် ၃၀ အရွယ် စောရဲမင်း ဆိုသူဖြစ်ပြီး […]


