မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားတစ်ရာကျော် တိုက်ခန်းများအတွင်း ဖမ်းဆီးခံရ
diz_admin
August 9, 2022မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဩဂုတ်လ ၈ရက် ညသန်းခေါင်အချိန်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်ဖမ်းဆီးကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။ လူနေတိုက်ခန်းများတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည်ဟု သတင်းပေးလာသဖြင့် အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာအလုပ်သမား ၁၁၅ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အော်ပရာစီ စီမံချက်မှာ တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေးဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။ လူနေအဆောက်အအုံ ခြောက်ခုရှိ လူပေါင်း ၄၂၅ ဦးကို ညသန်းခေါင်အချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စစ်ဆေးရေးမှူး Khairul Dzaimee Daud က ပြောသည်။ ဝင်ရောက်စစ်ဆေးသောအချိန်တွင် တံခါးဖွင့်ရန်ပြောဆိုသော်လည်း […]


